Chapter 47

803 94 0
                                    

Chapter - 47

မြောင်မြောင်သည် ကျိုရှုလက်ကိုဆွဲကာ ကာယလေ့ကျင့်ခန်းလုပ်ရန် ထွက်လာသောကြောင့် ဘာမှမကြားလိုက်သော်လည်း အတန်းကိုယ်စားလှယ်ကမူကြားလိုက်ရသည်။

အတန်းကိုယ်စားလှယ် : "နင်တို့တွေကလည်းနော် ဟိုကသူ့ဘာသူနေတာကို လှတော့လည်း လှလို့ လှလို့ပဲအားကစားကလည်း ညံ့ရဦးမယ် တော်တော်အကျင့်ကောင်းတာပဲ"

ယန်ဇူဇူလည်း ဒေါသထွက်ကာ "အဲ့တော့ ဘာဖြစ်လဲ?? နင့်ကို ငါတို့က ပြောနေလို့လား?"ဟုပက်ကနဲ ပြန်ပြောသည်။

အတန်းကိုယ်စားလှယ် : "ဪ ငါ့လာပြောကြည့်ပါ့လား ဆေးရုံမှာ ဆယ်ရက်လောက် ထမင်းစားမရအောင် လုပ်ပစ်လိုက်မှာပေါ့"

ထိုသို့ပြောကာ အတန်းကိုယ်စားလှယ် ထွက်လာခဲ့သည်။

ခဏကြာသောအခါ မြောင်မြောင်သည်လေ့ကျင့်ခန်းလုပ်ရင်း အိုက်လာသောကြောင့် အပေါ်ထပ်အင်္ကျီကိုချွတ်ကာ အဖြူရောင်တီရှပ်နှင့် အားကစားလုပ်နေသည်။

သူမ၏ ကောက်ကြောင်းအလှအား မိန်းကလေးများကပင် အံ့ဩအားကျနေကြသည်။

ကာယချိန်တွင် ပထမဆုံးစစ်ဆေးမှုအား ကြုံတွေ့ကြရသည်။ စစ်ဆေးမှုမှာ အမြင့်ခုန်ခြင်းဖြစ်သည်။အားလုံးသည် နံပါတ်အတိုင်း အစဉ်လိုက်ခုန်ကြရသည်။ မိန်းကလေးများက ၁ မှ ၁၄ အထိ ယောက်ျားလေးများက ၁၅ မှ ၃၂ ထိ ဖြစ်သည်။

မြောင်မြောင်သည် နံပါတ် ၅ ဖြစ်သောကြောင့် အတန်းကိုယ်စားလှယ်နောက်မှ ခုန်ရသည်။ အတန်းကိုယ်စားလှယ်က 1.8 မီတာ ခုန်နိုင်သည်။ သူမကမူ 1.7 မီတာသာ ခုန်နိုင်သော်လည်း ထိုရမှတ်သည်အမြင့်ဆုံးတန်းဖြစ်သည်။

ယန်ညီအမမှာမူ 1.2 နှင့် 1.5 မီတာသာ အသီးသီးခုန်နိုင်သည်။ အားကစားမှာလည်း ထူးချွန်နေသောမြောင်မြောင့်အားကြည့်ကာ ထိုညီအမအတော်လေးမကျေမနပ်ဖြစ်နေကြသည်။

မမလေးက 3နှစ်သား (Complete ✅)Where stories live. Discover now