Chapter 16.2

1.4K 160 0
                                    

Chapter 16.2 :

ဖူ့ရုံတစ်ယောက် ဆရာမ၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိချိန်တွင် ဖုန်းမှားဆက်တာသာ ဖြစ်ရမယ်ဟု ထင်မှတ်နေခဲ့သည်။
"ဆရာမ ဝိန်မြောင်မြောင်ရဲ့ မိဘကို ဖုန်းခေါ်တာ သေချာလား ရှင့်"
"ဟုတ်ပါတယ် မြောင်မြောင်က ကျောင်းက ကလေးတွေနဲ့ ဆက်ဆံရေး ကောင်းပါတယ် ဒါပေမဲ့ ဒီတခါတော့ ကိစ္စလေးက ရုတ်တရက်ဖြစ်သွားတော့ အဲ့တာကလည်း သူမ အမှား မဟုတ်ပါဘူး
တခြားအခန်းက ကလေးတွေရဲ့ အမှားပါ …အတန်းဖော်သစ်ကို အနိုင်ကျင့်ကြတော့ သူမက အလယ်တန်းက ဝိန်ချောင်ယွီ ဝိန်ချောင်ဖေတို့နဲ့အတူ ကောင်လေးတွေနဲ့ ရန်ဖြစ်ခဲ့လို့ပါ"

"နှစ်ဖက်လုံးက တစ်ယောက်နဲ့တစ်ယောက်က စွပ်စွဲနေကြတာ…ဒါပေမဲ့ ကျွန်မ မြောင်မြောင်ကို ယုံပါတယ် ဒီကိစ္စမှာ ထူးခြားမှုတစ်ခုတော့ ရှိရမယ် ဒါ့ကြောင့် အမ ကျောင်းကို လာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ထိုစကားကို ကြားပြီးချိန်တွင် ဖူ့ရုံသည် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။
"ဟုတ်ကဲ့ပါ ကျွန်မ လာခဲ့ပါတယ် ကျွန်မတို့ မြောင်မြောင်လေးရော ထိခိုက်သွားသေးလား"
"မထိခိုက်ပါဘူး ထိခိုက်သွားတာက တခြားတန်းက ကလေးတွေပါ"
ဖူ့ရုံ : "…………"
ငါ့သမီးက ငယ်ငယ်လေးကတည်းက အတိုက်အခိုက်ကျွမ်းနေသကိုး။
ဘယ်သူ့ဆီကများ အမွေဆက်ခံခဲ့ပါလိမ့်နော်…ငါ့ဆီက မဟုတ်တာတော့ သေချာတယ်။

ဖူ့ရုံသည် တစ်ဖက်ဖုန်းကို ချပြီးပြီးချင်း ဝိန်ဖုချိန်ဆီသို့ ဖုန်းခေါ်ကာ အခြေအနေကို ရှင်းပြခဲ့ပြီး ကျောင်းသို့ ထွက်လာခဲ့တော့သည်။

ချောင်ယွီ ချောင်ဖေတို့ပါ ပါလောက်နိုင်သည်ဟု မှန်းဆမိသောကြောင့် တစ်လစတည်း ကျန်းဖန်ဖန်ကိုပါ ကျောင်းသို့ ခေါ်သွားရန်တွေးမိသည်။
ထို့ကြောင့် ဒရိုင်ဘာအား အောက်ထပ်တွင် စောင့်စေခဲ့ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
သိပ်မကြာမီ ဓာတ်လှေကားအရောက်တွင် ကျန်းဖန်ဖန်ဆီမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။အချင်းချင်း အဆက်အသွယ်ရပြီးချိန်တွင် သူမသည် ကျန်းဖန်ဖန်အား အကြောင်းစုံ ရှင်းပြပေးခဲ့သည်။ ကျန်းဖန်ဖန်သည် အောက်ထပ်တွင် ခဏစောင့်ပေးရန် တောင်းဆိုခဲ့ပြီး နှစ်ယောက်သား ကျောင်းသို့ အတူတူ ထွက်လာခဲ့ကြသည်။

မမလေးက 3နှစ်သား (Complete ✅)Where stories live. Discover now