Chapter 51

827 94 0
                                    

Chapter - 51

ချင်းယွီနှင့်ချီစန်းတို့သည် အခန်း (၁) တွင်နေရပြီး သိပ္ပံတွဲများအတွက် အခန်း ၁၂ ခန်းရှိသည်။ထို့ကြောင့် မြောင်မြောင်နှင့်ကျိုရှုတို့ အခန်းသည်အခန်း ၁၃ ဖြစ်သည်။ သူမတို့၏ ဝိဇ္ဇာတွဲအခန်းသည် အခန်း ၉ ခန်းရှိသည်။

မြောင်မြောင်တို့အခန်းတွင် လူပေါင်း ၃၂ ယောက်ရှိသော်လည်း ယောက်ျားလေးမှာ စုစုပေါင်း ၈ ယောက်သာ ရှိသည်။

ထို့ကြောင့် ဆရာမများသည် ထိုယောက်ျားလေးများအား ရှိသမျှ အလုပ်များအား လုပ်ခိုင်းသည်။

မြောင်မြောင်သည် အထက်တန်းနှစ်သို့ ရောက်သောအခါ မျက်နှာအနေအထားမှာ ပိုမိုလှပလာသည်။

သူမ၏ပြီးပြည့်စုံသော ကိုယ်နေဟန်ထားနှင့် လှပသောမျက်နှာလေးကြောင့် တစ်ကျောင်းလုံးရှိကောင်လေးများက သူမအား စိတ်ဝင်စားကြသည်။

သို့သော် မြောင်မြောင်မှာ သူမ လူကြိုက်များနေကြောင်းပင် မသိပေ။ ကောင်လေးတစ်ယောက်ကမှလည်း သူမအား ဖွင့်မပြောသောကြောင့်ဖြစ်သည်။

သိပ္ပံတွဲများအနေဖြင့် သမိုင်း၊ ပထဝီ၊ လူမှုရေးဘာသာရပ်များကို အောင်ရုံသာဖြေရသကဲ့သို့ ဝိဇ္ဇာတွဲများသည်လည်း ဓာတု၊ ရူပ၊ ဇီဝဗေဒများကိုအောင်ရုံသာ ဖြေဆိုရသည်။

မြောင်မြောင်သည် စာမေးပွဲများအား ကြောက်တတ်သူမဟုတ်ပေ။ သူမသည် အမြဲတမ်း စာသေချာလေ့လာကာ ပထမနေရာကိုယူမည်ဟု ဆုံးဖြတ်

ထားသည်။

ပထမနေ့တွင် ဆရာမ ဝင်လာကာ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်သည်။

"အားလုံးပဲ မင်္ဂလာပါနော် ဆရာမကတော့ ဆရာမကျူပါ ဒီနေ့ကစပြီး နှစ်,နှစ်တိတိ ကလေးတို့ကိုတရုတ်ဘာသာသင်ပေးမယ့် အတန်းမှူးဆရာမပါ"

"ဒီအတန်းထဲက တချို့ကလေးတွေက ဆရာမနဲ့သင်ဖူးကြမှာပါ တချို့ကလေးတွေကျတော့လည်း စာတော်လွန်းလို့ မျက်မှန်းတန်းမိနေပြီးသားပါ"

မမလေးက 3နှစ်သား (Complete ✅)Where stories live. Discover now