Chapter 50

825 90 0
                                    

Chapter - 50

မြောင်မြောင်တို့ ပြန်ရောက်လာသောအခါ ကျိုရှုကခပ်တိုးတိုးမေးလိုက်သည်။

"နင်တို့ကို ဆရာမက ဘာလို့ခေါ်တာလဲ?"

မြောင်မြောင် : "တခြားကျောင်းက ရုပ်ဆိုးဆိုးကောင်တွေပါဟာ ပိန်းဥက သူတို့ သုံးယောက်ကို ထိုးပါတယ်ဆိုပြီး လာစွပ်စွဲတာ"

"နင်ပဲစဉ်းစားကြည့် ပိန်းဥက ဘယ်လိုလုပ် သုံးယောက်တစ်ယောက်ချမှာလဲ?? မဖြစ်နိုင်တာကြီးကို!!!"

ကျိုရှုကတော့ ဖြစ်နိုင်သည်ဟု ထင်မိသည်။

မြောင်မြောင်မှာမူ ထိုကိစ္စအား ခေါင်းထဲမှထုတ်ကာအထက်တန်းဝင်ခွင့်စာမေးပွဲအတွက်သာ ပြင်ဆင်နေသည်။

သူမသည် ကျိုရှုနှင့်တစ်တန်းတည်း တူတူနေရသည်။ ချင်းယွီသည်လည်း ယခင်ကအတိုင်း ချီစန်းနှင့်တူတူနေသည်။ သူတို့လေးယောက်စလုံး အထူးတန်းသို့ ဝင်ခွင့်ရကြသည်။

ယန်ညီအမမှာ အထူးတန်းသို့ဝင်ခွင့်ရသော်လည်း လူမဆံ့သောကြောင့် တခြားအခန်းတွင် နေရသည်။ယန်ညီအမ မရှိသောကြောင့် မြောင်မြောင်လည်းနားအေးပါးအေး စာပိုလုပ်နိုင်သည်။

သူမတို့အတွက် စာကြည့်ရန်အရေးကြီးလာပြီဖြစ်သောကြောင့် ဆရာမမှ ကာယချိန်အား သိသိသာသာလျှော့ချလိုက်သည်။

နောက်ဆုံးအနေနှင့် ကြံ့ခိုင်မှု စစ်ဆေးခြင်းအတွက် ကာယချိန်တက်ပြီးသောအခါ အားလုံးအဝတ်လဲကာ ထမင်းစားရန် ကန်တင်းသို့ သွားကြသည်။

ထိုနေ့တွင် ကျောင်းသားကျောင်းသူများ ဗိုက်ဆာကြပြီဖြစ်ပြီး ပထမထပ်နှင့် ဒုတိယထပ်တွင် လူပြည့်နေသည်။

မြောင်မြောင်တို့သည် ဂျူနီယာအထက်တန်း တတိယနှစ်အား စတက်ကတည်းက လူရှင်းသော တတိယထပ်တွင်သာ စားသည်။

တတိယထပ်ရှိအစားအစာများသည် ဈေးအရမ်းကြီးသောကြောင့် အမြဲတမ်း လာစားသူနည်းပါးသည်။

မမလေးက 3နှစ်သား (Complete ✅)Where stories live. Discover now