Chapter 62

760 81 0
                                    

Chapter - 62

အနမ်းမိုးများရွာသွန်းပြီးနောက် ချင်းယွီသည်မြောင်မြောင့်အား လွှတ်ပေးလိုက်သောအခါ မြောင်မြောင် အနည်းငယ် မူးဝေသွားသည်။

မြောင်မြောင် : "ငါ အသက်တောင် ရှူလို့မရတော့ဘူး"

ထိုသို့ပြောသောအခါ နှုတ်ခမ်းစူကာ ချစ်စရာကောင်းနေသည့် မြောင်မြောင့်အား ဆွဲယူလိုက်ကာ မျက်နှာတစ်ခုလုံးအား ခပ်ဖွဖွနမ်းရှုံ့နေလိုက်သည်။

ထိုအခါ မြောင်မြောင်က စိတ်မရှည်စွာ "ဒီနေ့ ငါမိတ်ကပ်လိမ်းမလာလို့ တော်သေးတာပေါ့ မဟုတ်ရင် ငါ့မိတ်ကပ်တွေ စားပြီး နင်အဆိပ်တောင်မိနေလောက်ပြီ" ဆူအောင့်ကာ ပြောလိုက်သည်။

ချင်းယွီ : "ကိစ္စမရှိပါဘူး နင်က အဆိပ်ဆိုလည်း ငါ ပျော်ပျော်ကြီးစားလိုက်မှာပဲ"

မြောင်မြောင် : "အမယ် မရပါဘူး ငါ့မိတ်ကပ်တွေကျ နှမြောစရာကြီး"

"ကဲ နင့်အခန်းထဲက အနံ့တွေ ကုန်လောက်ပြီ နင့်အခန်းပြန်သွားတော့"

ထိုအခါ ချင်းယွီသည် ချက်ချင်း အားမရှိသလိုဖြစ်သွားကာ "ငါ့ခြေထောက်တွေက ပင်ပန်းလို့ အားမရှိတော့ဘူး ဒီမှာပဲအိပ်တော့မယ်" ဟုပြောကာ စောင်ခြုံရင်း လှဲနေလိုက်သည်။

ထိုအပြုအမူကြောင့် မြောင်မြောင်သည် ချင်းယွီအားစိတ်လည်း တိုသလို ရယ်လည်း ရယ်ချင်မိသည်။ သူမသိသော ပိန်းဥတစ်ယောက် ပြောင်းလဲသွားပြီဆိုတာ သူမ အသေအချာ သိလိုက်သည်။

ယခု ပိန်းဥသည် မရှက်တတ်တော့ပေ။

ထို့ကြောင့် မြောင်မြောင်လည်း ကျောပေးကာ ဖုန်းကစားနေလိုက်သည်။ ချင်းယွီသည်လည်း ကောင်လေးရာထူးကို ရသွားပြီဖြစ်သောကြောင့်အလျင်မလိုတော့ပဲ ပျော်ရွှင်စွာ လှဲလျောင်းနေလိုက်သည်။

သည်လိုနှင့် ရက်အတော်ကြာသောအခါ မြောင်မြောင်သည် သူ၏ကောင်လေးမှာ အတော်လေးလိုက်ကပ်တတ်သူဖြစ်ကြောင်း သိလိုက်ရသည်။

မမလေးက 3နှစ်သား (Complete ✅)Where stories live. Discover now