Chapter 59

749 76 0
                                    

Chapter - 59

ဝင်ခွင့်စာမေးပွဲ ပထမနေ့တွင် မြောင်မြောင်သည် လေးယောက်ထဲတွင် ပထမဆုံးထွက်လာသူဖြစ်သည်။ ထို့နောက် ကျိုရှုလည်း စာမေးပွဲခန်းမှထွက်လာသည်။ သူမတို့နှစ်ယောက်သား မေးခွန်းအကြောင်းပြောနေကြရင်း ဆယ်မိနစ်ခန့်ကြာသောအခါ ချင်းယွီဆီမှ စာရောက်လာသည်။

မြောင်မြောင် : "ပိန်းဥဆီက စာရောက်လာပြီ ငါတို့သွားကြစို့"

လေးယောက်သားဆုံကြသောအခါ ချင်းယွီက "ငါတို့ဘာစားကြမလဲ???"ဟု မြောင်မြောင်ကိုကြည့်ရင်း မေးလိုက်သည်။

ကျိုရှု : "ငါတို့စာကြည့်ရမှာဆိုတော့ မြန်မြန်ပဲစားလိုက်ရအောင်လေ"

ချင်းယွီ : "အေး ဒါဆို ငါတို့ဟိုတယ်မှာပဲ စားကြတာပေါ့"

ထို့နောက် သူမတို့ နေ့လယ်စာ စားသောက်ပြီးဟိုတယ်ခန်းကျယ်ကြီးထဲတွင် ကိုယ့်နေရာကိုယ်နေကာ စာများကိုပြန်နွှေးနေသည်။

နှစ်ရက်တာ ဝင်ခွင့်စာမေးပွဲပြီးသွားသောအခါ ချင်းယွီသည် ယခင်က သူနှင့်မြောင်မြောင်တို့ ရုပ်ရှင်တူတူသွားကြည့်ရန် စီစဉ်ထားသည်။ သို့သော် ထိုနေ့တွင် မြောင်မြောင်က ချင်းယွီနှင့်ချိန်းထားသည်ကိုမေ့ကာ ကျိုရှုနှင့်အတူ လေးယောက်သားလျှောက်လည်ရန် လက်ခံလိုက်သည်။

ထိုစကားကိုကြားသောအခါ ချင်းယွီအတော်လေးဝမ်းနည်းသည့်အကြည့်ဖြင့် မြောင်မြောင့်အားကြည့်လိုက်သည်။

မြောင်မြောင်လည်း ထိုအကြည့်ကိုမြင်မှ သူမချင်းယွီနှင့်ချိန်းထားသည်ကို သတိရသည်။ သူမသည် ချက်ချင်းပင် ဖုန်းကိုထုတ်ကာ "ပိန်းဥ တောင်းပန်ပါတယ်နော် ငါ နင်နဲ့ချိန်းထားတာ မေ့သွားလို့"ဟုတောင်းပန်လိုက်သည်။

"ငါတို့ နက်ဖြန်မှ သွားကြည့်ကြမယ်နော်"

ချင်းယွီ : "ရပါတယ် ဒါပေမဲ့ ငါက လက်မှတ်ဖြတ်ပြီးသွားပြီ"

မမလေးက 3နှစ်သား (Complete ✅)Where stories live. Discover now