Part -4

1.8K 133 100
                                    

# Unicode #


" ခွပ်! "

" အီးးး တိုတို့ကို ရုတ်ပါနဲ့..တိုတို တွေးတွေ ထွက်တွားရယ်.."

အသက်က နှစ်နှစ်လောက်ကွာပေမဲ့ ထယ်ယောင်းက ထွားတာမို့ ဂျန်းထယ်ကို ထိုးလိုက်တော့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာတာတွေ့ပြီး... ကုကီးက အော်ငိုလာ၏။

" တိတ်စမ်း!! တခြားသူအတွက် ငါ့ရှေ့ မျက်ရည်ကျပြမနေနဲ့! "

ထယ်ယောင်းက အော်လိုက်တော့ ‌ခန္ဓာကိုယ်လေးတုန်တက်ခါ ဂျန်းထယ်ကို အားကိုးတကြီးစိုက်ကြည့်နေ၏။

" တောက်စ်! ဒီတစ်ခါတော့ ဒီလောက်နဲ့ ရပ်လိုက်မယ် နောက်တစ်ခေါက်ဆိုရင်တော့..ခင်ဗျား အသေဘဲ! ဂျွန်ဂျောင်ဂုနဲ့ ဝေးဝေးနဲ့..ဂျွန်ဂျောင်ဂုက ကင်မ်ထယ်ယောင်း အပိုင်..လာထိရင်တော့..ဗီဇာမလိုဘဲ သေရွာသွားရမယ်! မြဲမြဲမှတ်ထား..ထွီ~.."

ဂျန်းထယ်ကို တံတွေး ထွေးပြီး ကုကီးရဲ့လက်ကို ဆွဲခေါ်သွားတဲ့ထယ်ယောင်း..

" အီးးး မရိုက်ဝူး..တုတီး မရိုက်ဝူး.
လူဂျိုးလေးနဲ့ ရိုက်ဝူး.. တိုတို တယ်ပါ! "

ထယ်ယောင်းခေါ်ရာနောက်ကို မလိုက်ချင်လို့ ရုန်းပြီး ငိုနေတဲ့ ကုကီးလေးနဲ့ မျက်နှာကြီးတည်တင်းကာ ခက်ထန်နေတဲ့ ဂျောင်ဂုကိူကြည့်ပြီး..အိမ်အကူတွေ ထိတ်လန့်နေမိသည်။သခင်လေး ဒေါသထွက်ရင် အရမ်းကြောက်ဖို့ကောင်းသလို ကလေးအတွက်လည်း မလွယ်ပေ။

" အီးး ယွှတ်! တုတီး ရက် တို ယွှတ်! နာပါရယ် ဆို လူဂျိုးလေး! အီးးး တိုတို! တယ်ပါအုံး..အီးးး "

" တောက်စ်! စောက်ပါးစပ်ပိတ်! ဒီ အပေါက်ကနေ ဟိုအကောင့် နာမည် ကြားရအုံးမယ်ဆိုရင် ငါ့အဆိုးမဆိုနဲ့နော် ဂျွန်ဂျောင်ဂု!! "

ထယ်ယောင်းက သူ့အခန်းထဲက ဆိုဖာပေါ် ဂျောင်ဂုကို တွန်းလွှတ်ပြီး တံခါးကို လော့စ်ချလိုက်သည်။

ကုကီးကတော့ ထယ်ယောင်းကို ကြောက်လွန်းလို့ အသံတိတ်ကာ ငိုနေ၏။

" ဂျွန်ဂျောင်ဂု..ငါ မင်းကို ဘာပြောထားလဲ! ဟမ်!! "

ဆိုဖာရှေ့ ခါးထောက်ရပ်ကာ မေးတော့ မျက်ရည် အဝိုင်းသားနဲ့ မော့ကြည့်လာ၏။မျက်ရည်လည်နေတဲ့ မျက်ဝန်းလေးတွေက ရေပြင်မှာ ကြယ်ရောင်ထင်ဟပ်နေသလို လှပလွန်းလှသည်။

My Universe ( Complete )Where stories live. Discover now