Extra -3

604 42 34
                                    

# Unicode #

ပုဂံကိုရောက်တော့ ညနေစောင်းနေပြီဖြစ်သလို ခရီးပန်းလာတာမို့ ဟိုတယ်တစ်ခုမှာ ဝင်ပြီး နားကြသည်။သားပေါက်တွေကလည်း အိပ်ပျော်နေတာမို့ ထယ်ယောင်းနဲ့ ယွန်းဂီက ချီထားပြီး ကျန်တဲ့သူတွေက အထုပ်ပိုးတွေ သယ်လာကြ၏။

အခန်းကိုယ်စီယူပြီးတဲ့နောက်.. အားလုံး အနားယူကြသည်။ညနေစာကို ဟိုတယ်က restaurant မှာဘဲ စားဖို့ပြင်လိုက်ကြသည်။

" ဒီမှာက မြန်မာ တရုတ် ကိုရီးယားနဲ့ ထိုင်း အစားအစာ တွေရတယ် ကုကီးတို့ နှစ်သက်ရာ မှာကြပါ.. မြန်မာ အစားအစာကတော့ လက်ရာအကောင်းဆုံး ဆိုင်ဘဲ  "

ယွန်းလေးက menus ကို ပေးပြီးပြောလာ၏။

" မြန်မာ အစားစာ စားကြမယ်.. ကုကီး မင်းတို့ရော.."

" အွန်းး အဲ့တာဘဲ မှာကြတာပေါ့.. ငါလည်း အခုရက်ပိုင်း မြန်မာ အစားစာကိုဘဲ အရသာတွေ့နေတာ ဟီးးး "

ဂျီမင်နဲ့ ကုကီးက အစားအသောက်တွေမှာဖို့တိုင်ပင်နေကြတုန်း ထယ်ဂုလေးက စားပွဲမှာ အလှဆင်ထားတဲ့ ပိတောက်ပန်းခက်တု တွေထဲက တစ်ခုကို မမှီတမှီဆွဲယူလာသည်။

ယွန်ဂီ နဲ့ ထယ်ယောင်းကတော့ အကြီးလေး ဘာလုပ်မလဲဆိုတာကိုဘဲ ကြည့်နေပြ၏။သို့သော် ထယ်ဂုလေး လုပ်လိုက်သည့် အရာကြောင့် ထယ်ယောင်း မျက်နှာပုပ်သိုးသွားတာကို မြင်လိုက်တဲ့ ယွန်ဂီက ကျိတ်ရယ်မိသည်။

ထယ်ဂုလေး လုပ်လိုက်တာက...

" အွန့်..  မမ အတွက် တားရဲ့ ချိစ့်သက်ရက်ချောင်.."

ချစ်သက်လက်ဆောင် ဆိုပြီး ပန်းအတုကို ထိုးပေးလာတာမို့.. ယွန်းလေးမှာ အသည်းယားနေမိကာ ပါးဖောင်းဖောင်းလေးကို မွှေးကြူမိသည်။

" ကျေးဇူး ပါရှင်.. "

" တားရဲးလဲ ပေးမှာရော်.. ရော့.. "

ယောင်းဂု လေးကလည်း အားကျမခံ ပေးလာသည်။ညီအစ်ကိုနှစ်ယောက်က တစ်ပြိုင်တည်း ပန်းတွေယူပေးနေတာ အလှပန်းခက်တွေ ကုန်လု နီးနီး...

* .. -ီးးက မုန့်လက်ဆောင်းဖက်လောက်လေးတွေနဲ့ ဘူး‌ထနေတာ ခွေးပေါက်တွေက !! *

My Universe ( Complete )Where stories live. Discover now