Part -17🎄

1.7K 117 69
                                    

# Unicode #

USရဲ့ New York မြို့ရောက်တော့ နှင်းတွေ တဖွဲဖွဲ ကျနေ၏။

" အင့်! "

ခန္ဓာကိုယ်ပေါ် ရောက်လာတဲ့ ခပ်ထူထူ အနွေးထည်ကြီးကြောင့် ကုကီးမှာ အသံထွက်သွားသည်။

" ဟင်.. ဒီ အနွေးထည်က ဘာလုပ်ရမှာလဲဟင်.."

" ချီးသုတ်ရအောင်ပေးတာ!! "

မျက်ခုံးတန်းကြီး တွန့်ချိုးပြီး ပြောလာတဲ့ လူဆိုးလေးကြောင့် ကုကီးမှာ ပါးစပ်အဟောင်းသား။

" ဟင်..ကုကီး toilet မဝင်ဘူးလေ.. လူဆိုးလေး.. "

" ကျစ်! -ီး လိုဘဲ ဂျွန်ဂျောင်ဂုရာ ရွှဲ့ ပြောမှန်း မသိဘူးလားကွ! လက်ရှည်အင်္ကျီ ပေးတာ ဝတ်ဖို့ ကွ! အပြင်မှာ မင်းအမေ နှင်းတွေ ကျနေတာ တွေ့လား!! မကြာခင် လေယာဉ်ဆင်းမှာ ဝတ်တော့!! "

စကား များများ မပြောတတ်တဲ့ လူဆိုးလေးက ကုကီးနဲ့ တွေ့ရင် စကားကြောရှည်တတ်၏။

ကုကီးက အနွေးထည်ကို ဝတ်ဖို့ တုန့်နှေးနေတာကြောင့်.. ထယ်ယောင်းက ကုကီး လက်ထဲက ဆွဲယူပြီး ဝတ်ပေးလာသည်။

‌အမွေးပွ ဦးထုတ်လေးပါ ဆောင်းပေးလာ၏။

" လူဆိုးလေး ဒီနေ့ ဘာနေ့လည်းဟင်! "

" တင်္နဂနွေ! "

" အာ... အဲ့နေ့ကို မေးတာ မဟုတ်ဘူးလေ.. လူဆိူးလေးရဲ့ .."

" 24 ရက်.. ရပြီလား.. "

လည်ပင်းကို မာဖလာ ပတ်ပေးရင်း ဖြေလာတဲ့ ထယ်ယောင်း။

" မနက်ဖြန် ခရစ်စမတ် နေ့ပေါ့နော်.. ဟုတ်လား.. လူဆိုးလေး.. ကုကီးတို့ လျှောက်လည်ကြရအောင်နော်.. US က Christmas ပွဲတော်က ပျော်စရာကြီးလို့ ကြားဖူးတယ်.. နော်လို့.. နော်.. "

ထယ်ယောင်းရဲ့ လက်မောင်းကို လှုပ်ရမ်းကာ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ပူဆာလာတဲ့ ကုကီး.. က ကလေးလေး တစ်ယောက်လိုပင်။

ချစ်စရာ အမူအရာလေးကြောင့် ထယ်ယောင်းရဲ့ နှုတ်ခမ်းတွေက ပြုံးယောင်သန်းသွားပေမဲ့!

" ရှုပ်ရှုပ်ယှက်ယှက်တွေ.. ငါ ဒီကိုလာတာ အလုပ်ကိစ္စ လျှောက်လည်ဖို့ မဟုတ်ဘူး!! သွားမယ်! လာ ! "

My Universe ( Complete )Where stories live. Discover now