Part -24

1.1K 104 29
                                    

# Unicode #

ကိုရီးယားကိုပြန်ရောက်တော့.. သူတို့နှစ်ယောက်ရဲ့ ကိစ္စကို ဖေဖေ့ကို အသိပေးဖို့အတွက် ကုကီး စိတ်လှုပ်ရှားနေမိသည်။

" လူဆိုးလေး.. ဖေဖေ့ကို ဘယ်လို ပြောပြကြမလဲဟင်.. ဖေဖေ လက်ခံပါ့မလား.. သဘောမတူရင် ဘယ်လို လုပ်မလဲဟင်.. "

" သဘောမတူလည်း ဘာမှ လုပ်လို့မရဘူး.. ခင်ဗျား သဘောမတူလည်း ခင်ဗျားသားက လူပျို ပြန်မဖြစ်နိုင်တော့ဘူးလို့ ပြောမှာပေါ့! သက်လည်ရဲ့  "

ကုကီးရဲ့ မျက်နှာလေးကိူ မမှိုတ်မသုန် စိုက်ကြည့်ရင်း ပြောလာတဲ့ လူဆိုးလေးကြောင့် ကုကီး ရှက်မိသွား၏။

အခုလိုကြီး ဖေဖေ့ကို တကယ်သွားပြောလို့ကတော့ နေရာမှာတင် ဖေဖေ သွေးတက်သွားလောက်မည်။

" အာ.. လူဆိုးလေးကလည်း! "

" အဟွန်းး ကိုယ်က အမှန်တိုင်း ပြောတာလေ.. ဘာလဲ.. မဟုတ်ဘူးလား.. အခုချိန်မှာ မင်းက ကျုပ်ယောကျာ်း ဖြစ်နေပြီလေ.."

" ဒါပေမဲ့ ဖေဖေ့ကို အဲ့လိုကြီး မပြောဘဲ ယဉ်ယဉ်ကျေးကျေးလေး ပြောမှပေါ့ဗျာ.."

" ယောက္ခမ ရိုသေ အသက်ရှည် ယောက္ခမ ရှိခိုး သွားမကျိုးတဲ့ စကားကို ကျင့်သုံးတဲ့ အကောင်တွေထဲ ကင်မ်ထယ်ယောင်းက မပါဘူး သက်လည်! "

ထယ်ယောင်းစကား ကြောင့် မျက်စောင်းထိုးပြီး ကြည့်လာတဲ့  ကုကီး....

" ကိုယ်က ဂျွန်ဂျောင်ဂုကိုဘဲ ဦးခိုက်ပြီး ဂျွန်ဂျောင်ဂုကိုဘဲ အသုံးတော်ခံမှာ.. ပြွတ်စ်* "

စကားအဆုံးမှာ ငုံ့ကျသွားတဲ့ ကုကီးရဲ့ မျက်နှာလေးကို မော့စေကာ နီရဲရဲ နှုတ်ခမ်းလွှာကို နမ်းလိုက်တဲ့ ထယ်ယောင်း။

ကုကီးလည်း ထယ်ယောင်းကို ပြိုင်မပြောတော့ဘဲ Venus စံအိမ်ကို ပြန်သည့်ကား ပေါ်မှာ ငြိမ်ငြိမ်လေး လိုက်ပါလာခဲ့သည်။ဖေဖေက လူဆိုးလေးနဲ့ သူ့ကိစ္စကို သိရင် သဘောတူလောက်မည်ဟု တွေးထားမိတာမို့ စိတ်လှုပ်ရှားမှုမှ အပ.. စိုးရိမ်စိတ် မရှိပေ။

~

~

~

အနက်ရောင် Bugatti ကားက စံအိမ်ထဲကို ဝင်လာသဖြင့် အကုန်လုံး ဦးညွတ်ပေးကြ၏။

My Universe ( Complete )Where stories live. Discover now