Part -12

2K 145 134
                                    

# Unicode #

တဖြေးဖြေးအနားနီးလာတော့လည်း အသံသေးသေးလေးနဲ့ မထိတထိနိုးနေတာကြောင့် အသည်းအစုံက ယားတတ်လာကာ..လက်ညိုးထိပ်လေးရဲ့ အထိအတွေ့ကတစ်ကိုယ်လုံး ဓာတ်လိုက်သလိုခံစားရပြီး အသိစိတ်တွေ လွတ်ထွက်ကာ လုပ်မိတာက..

" အင့်! "

" ဘုန်း! "

" ပြွတ်စ်! "

ဂဟေဆက်သွားတဲ့ နီညိုရောင် နှုတ်ခမ်းအစုံနဲ့ ပန်းသွရောင် နှုတ်ခမ်းအလွှာတွေက လိုက်ဖက်စွာ ကူးလူးနေကြ၏။

ဖြူလွလွ ကိုယ်လုံးလေးကို ညိုစိမ့်စိမ့် ကိူယ်လုံးထွားကြီးက အပေါ်ကနေ အုပ်မိုးကာ နမ်းရှိုက်နေပုံက ရင်ခုန်ဖွယ်အတိ..

ရုတ်တရပ် ဆွဲယူခံရလိုက်တဲ့ ကုကီးရဲ့ ကိုယ်လုံးလေးက အရုပ်တရုပ်လို ကုတင်ပေါ်ကျသွားပြီး အပေါ်ကနေ အုပ်မိုးကာ ရမက်ဆန်ဆန် နမ်းရှိုက်ခံရတာကြောင့် အသိစိတ်မကပ်သည့်ပမာ မျက်ဝန်းဝိုင်းတွေက ပြူးကျယ်စွာ ကြောင်အနေပုံက ကင်မ်ထယ်ယောင်းကို မြူစွယ်နေသယောင်ဆိုတာ မသိရော့လေလား...

" ပြွတ်စ်*..ပြွတ်စ်* .. အင့်! ပြွတ်စ်* .."

နှုတ်ခမ်းနှစ်လွှာကို အသံမြည်အောင် အပေါ်တလှည့်အောက်တစ်လှည့်နမ်းနေပုံက အရင် ငယ်စဉ်ကအတိုင်းပင်..

ချိုအိအိနဲ့ ဂျယ်လီတုံး ပမာအိစက်ပြီး ပျားရည်ကဲ့သို့ ချိူအီနေတဲ့ နှုတ်ခမ်းနှစ်လွှာကြောင့် သောက်လေ သောက်လေ ရမက် မပြေလေပေ...နမ်းနေစဉ်မှာ မျက်လုံးထဲပေါ်လာတဲ့ ပုံရိပ်တစ်ချို့ကြောင့် နှလုံးသားက နာကျင်လာသည်။ကလေးနှစ်ယောင် ကုတင်ပေါ်မှာ နမ်းနေတဲ့ မြင်ကွင်းက အခု သူတို့နမ်းနေတဲ့ မြင်ကွင်းအတိုင်းပင်..

* အရင်က အခုလို နမ်းဖူးတာလား! *

" အွန်း! ယွှတ်! ပြွတ်စ်* "

အသက်ရှု မဝဖြစ်လာတာမို့ စကားမပီတပီနဲ့ နမ်းခံနေရတာကနေ ပြောလာတဲ့ ကုကီး..

" ပြွတ်စ်! "

နှုတ်ခမ်းကို အသံမြည်အောင် စုပ်ယူပြီး လွှတ်ပေးလိုက်တဲ့ ထယ်ယောင်း..

ကုကီးကတော့ ရေနည်းငါးလေးတွေလို သူ့အောက်ဘက်ကနေ ဟစိဟစိနဲ့ အသက်ရှုနေပုံက ကြမ်းတမ်းပြီး ရမ်းကားချင်စရာ..

My Universe ( Complete )Dove le storie prendono vita. Scoprilo ora