Part - 30

1K 69 25
                                    

# Unicode #

ရက်တွေ လတွေကြာညောင်းတဲ့ အခါ ကုကီးရဲ့ ဗိုက်ကလေးက တဖြေးဖြေး ပူလို့လာလေပြီလေ။ ကိုးလထဲ ဝင်နေတာမို့ သိသိသာသာ ပူလွန်းတဲ့ ဗိုက်က မီးပုံးပျံကြီးလိုပင်။

ဒီကြားထဲ သခင်လေးကင်မ်ရဲ့ လူယုံတော်တွေက ကိုးရီးယားတွင်မက ပြည်ပ နိုင်ငံတွေ အထိပါ ကုကီးကို ရေကုန်ရေခမ်း ရှာဖွေနေကြပေမဲ့ အပုန်းကောင်းသူကြောင့် အခုထိ ရှာ မတွေ့သေး။

ဂျီမင်လည်း အမျိုးမျိုး ဖြောင်းဖြမိပေမဲ့ ကုကီး ကိုယ်တိုင်က ခေါင်းမာနေတာမို့ ဘယ်လိုမှ မတက်နိုင်ပေ။

သခင်လေးကင်မ်ကလည်း အရင်ကထက်ပိုပြီး ရက်စက်ကာ ကြမ်းတမ်းရိုင်းစိုင်းလာတာက limit မရှိတော့ဘူးဟု . သူ့ မာမီက ဖုန်းဆက်တိုင်း အမြဲပြော၏။ဒီအခြေနေတွေကို တည်ငြိမ်အောင်ကြိုးစားပေးချင်ပေမဲ့ လက်တလောမှာ ကုကီးနဲ့ ကလေးတွေ အတွက် ဂျီမင်က နှုတ်ဆိတ်နေရအုံးမည်။

တစ်ခါတစ်လေတော့လည်း ခေါင်းကြောမာလွန်းတဲ့ ကုကီးကို နားရင်းချည်းသာ အုပ်ချင်တော့သည်။သူကိုယ်တိုင်လည်း သူ့ရဲ့ လူဆိုးလေးကို လွမ်းနေရဲ့သားနဲ့....

" အာ့! အားး မစ္စတာ ပတ်စ်.. ပတ်စ်ဂျီမင် ရေ... အားးး ငါ့ဆီလာပါအုံး.. အာ့! မွေးချင်နေတာလား မသိဘူး.. အားး ဗိုက်နာလိုက်တာ.. လူဆိုးလေးရေ~~ "

လူဆိုးလေးရေ ဟု အသံက ခပ်တိုးတိုးသာ.. ရေရွတ်လိုက်တာမို့ အခန်းပြင်ဘက်က ဂျီမင်ကတော့ ကြားမည်မထင်။

အပေါ်ထပ်က ဂျောင်ဂုရဲ့ အော်သံစူးစူးကြောင့် ဂျီမင် အတွေးတွေရပ်တန့်သွားသည်။

" အာ.. ငါ.. ငါလာပြီ.. ခန... "

ပြေးသွားတော့မဲ့ခြေလှမ်းတွေက တံခါးဘဲလ် အဆက်မပြတ်မြည်သံကြောင့် ရပ်တန့်သွား၏။

" တီးတောင်! "

" တီးတောင်! "

" တီးတောင်! "

" ကျစ်! အရေးထဲ ဘယ် စောက် သူတောင်းစားက လာ လက်သရမ်းနေလဲ မသိဘူး.."

အပေါ်ထပ် ဂျောင်ဂု ဆီသွားဖို့အရေး.. တံခါးဘဲလ် ခန ခန နှိပ်သံကြောင့် ဆဲသံနဲ့အတူ တံခါးကိူ အရင်သွားဖွင့်ပေးရ၏။

My Universe ( Complete )حيث تعيش القصص. اكتشف الآن