Part -16

1.5K 136 52
                                    

# Unicode #

" ဖေဖေ.. ကျန်းမာရေး ဂရုစိုက်နော်..ဆေးကို အချိန်မှန်သောက်အုံး.. အစားကိုလည်း ဂရုစိူက်နော် ဖေဖေ.. "

" ဟုတ်ပါပြီ..ဆရာဝန်လောင်းကြီးရေ..ဖေဖေ အကုန်သတိထားပြီး ဂရုစိူက်ပါ့မယ်ဗျာ..မစိုးရိမ်ပါနဲ့..ဟုတ်ပြီလား.."

ဂျိုမင်က သားငယ်ရဲ့ ခေါင်းလေးကို အသာအယာပွတ်ပြီး ကိုင်ကာ‌‌ပြောလိုက်တော့..နှာခေါင်းလေးရှုံ့လာတဲ့ ကုကီး..

" စိုးရိမ်ရတာပေါ့..ဖေဖေရဲ့..ဖေဖေက ကုကီး သတိမပေးရင် ဆေးသောက်ဖို့ မေ့နေတတ်လို့လေ...မဖြစ်သေးပါဘူး..ကုကီး ဖုန်းဆက်ပြီး သတိပေးမယ်ဗျာ.."

" သဘော..သား..သဘောဘဲဗျာ..အခုတော့ အချိန်လင့်နေလိူ့ ဖေဖေ သွားတော့မယ်..သားလည်း ဂရုစိုက်.."

" ဟုတ်ကဲ့ ဖေဖေ.."

ဂျိုမင်လည်း သားငယ်ရဲ့ နဖူးလေးကို ခပ်ဖွဖွ နမ်းကာ..ကားပေါ်တက်ပြီး ခြံထဲက မောင်းထွက်သွားလိုက်၏။

" အမေ့! ဟူးးး လန့်လိုက်တာ.."

ရုတ်တရပ် အနောက်လှည့်လိုက်တော့ သူ့ကို လက်ပိုက်ပြီး..ခပ်ထေ့ထေ့ ကြည့်နေတဲ့ လူဆိုးလေးရဲ့ မျက်ဝန်းညိုတွေကြောင့်... လန့်ဖြတ်သွားသည်။

"ဟက်! အသည်းက ငယ်လိုက်တာ.."

" လူဆိုးလေးက အသံ မပေးဘဲ ရပ်နေတာကို! "

ကုကီးက သူ့အကျင့်အတိူင်း ခေါင်းလေးငုံ့ပြီး..နှာခေါင်းလေးရှုံ့ကာ တိုးတိုးလေး ပြောလိုက်ပေမဲ့ နားပါးတဲ့ ထယ်ယောင်းကတော့ အတိုင်းသားကြားနေရ၏။ခေါင်းငုံ့ထားတာတောင် မြင်နေရတဲ့ ပါးဖောင်းလေးတွေကို ဆွဲဖျစ်လိုက်ပြီး..

" ထားတော့ ! မနက်ကျရင် လေယာဉ် စီးရမှာ အထုပ်အပိုးတွေ သေချာပြင်ပြီးစောစောအနားယူဖို့လုပ်..! "

" ကုကီးက အကုန် ပြင်ဆင်ပြီးပြီ..လူဆိုးလေးရော..ပြင်ပြီးပြီလား.."

" မပြင်ရသေးဘူး..ဟိုကျမှ ဝယ်သုံးလို့ရတယ်..ပြီးတော့ ငါ့အသုံးအဆောင်တွေလည်း ဟိုမှာ ရှိတယ်.."

ထယ်ယောင်းက ပြောတော့ ကုကီးက ခေါင်းလေး တငြိမ့်ငြိမ့်!

" လူဆိုးလေး..ငယ်ငယ်က အကြောင်းတွေ မှတ်မိလား!!"

My Universe ( Complete )Where stories live. Discover now