Part -21

1.6K 127 52
                                    

# Unicode #

" ဘဘကြီးက ဘယ်လိုဖြစ်ပြီး.. အခုလို.. ဖြစ်သွားတာလဲဟင်.."

ကုကီး မယုံကြည်နိုင်စွာ.. မျက်ရည်တွေ ဝဲပြီး.. ပြောလာ၏။ သူနဲ့ ဘဘကြီး အဆက်သွယ်ပြတ်တာ ကြာပေမဲ့..အခုလို အဖြစ်မျိုးနဲ့ ကြုံနေမယ်လို့တော့မထင်ထားပေ...အလုပ်မအားလို့ ဘဘကြီးက မဆက်သွယ်ဖြစ်တာလို့ဘဲ ထင်မှတ်ထားတာ...

" ဒယ်ဒီက.. ကားအက်ဆီးဒန့်ကြောင့် .. ကိုမာ ဝင်နေတာ.. လတော်တော်ကြာပြီ.. အခုထိ ခေတ်မီ ဆေးပညာတွေနဲ့ကုသနေပေမဲ့.. သတိမရသေးဘူး.. "

ထယ်ယောင်းက ကုတင်ပေါ်က ဖခင်ဖြစ်သူ အိုဘုံးရဲ့ ဖြူဖျော့ဖျော့ မျက်နှာကိုကြည့်ပြီး..ပြောလာသည်။ဘယ်လောက်ဘဲ သွေးအေးပြီး ရက်စက်တယ် ပြောပြော.. တစ်ဦးတည်းသော သွေးရင်းဖြစ်တဲ့ ဖခင်ရဲ့ အခုလိုပုံစံက ထယ်ယောင်းကို နာကျင်စေတာ အမှန်ပင် ။

" ဘာလို့ ဘဘကြီးကို ဆေးရုံမှာ မထားတာနဲ့ လူဆိုးလေး.. "

ကုကီးတစ်ယောက် လျှို့ဝှက်စွာ ဆေးကုသမှု ဆောင်ရွက်စေတဲ့ ထယ်ယောင်းကို နားမလည်တာမို့ မေးလိုက်သည်။

" ဒယ်ဒီ့ အတွက် အန္တရာယ် အကင်းဆုံးက ဒီနေရာဘဲ သက်လည်.. ဒယ်ဒီ မသေသေမှန်း လုပ်ကြံသူက သိရင် ထပ်ပြီး လုပ်ကြံလိမ့်မယ်..အဲ့ကြောင့်.. ကိုယ် လျှို့ဝှက်ထားတာ "

" လုပ်ကြံသူ!! "

ထယ်ယောင်းရဲ့ စကားကို အထိတ်တလန့် ရေရွတ်လာတဲ့ ကုကီး..

" ဘယ်သူက ဘဘကြီးကို လုပ်ကြံတာလဲ.. တရားမဆွဲဘူးလား.. လူဆိုးလေး.. ရဲ တိုင်ရမှာလေ.. "

ကလေးအတွေးနဲ့ ပြောလာတဲ့ ကုကီးကြောင့် ထယ်ယောင်း မဲ့ပြုံးလေး ပြုံးလိုက်မိ၏။ကုကီးဆိုတာ တကယ့်ကို စက္ကူဖြူလေး အတိုင်းပင်...

" ငွေရှိရင် အရာရာက ဘာမဆိုဖြစ်နိူင်ပြီး.. ချက်လက်မှတ်ပေါ်မှာ.. သုညလေး တွေ တန်းစီးပြီး ရေးပေးတာနဲ့ အမှားက အမှန်.. အလင်းက အမှောင်.. အလွယ်တကူ ပြောင်းနိုင်တယ်... အဲ့တော့ ကိုယ်က လွယ်ကူတဲ့ အပြစ်ပေးနည်း မသုံးဘဲ.. အကုန်လုံးကို အရက်စက်ဆုံးနည်းနဲ့.. အခံရခက်အောင်လုပ်ပြီး.. ပြန်လမ်း မရှိတဲ့ နေရာကို ပို့ပေးမှာ..! "

My Universe ( Complete )Where stories live. Discover now