# Unicode #
".. ရောက်ပြီ သားပေါက်တို့ ဆင်းရအောင်.. "
ရက်ကြာအောင် လေယာဉ်စီးပြီးတဲ့နောက် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်ကို ရောက်လာ၏။
" ရေးးး ရောက်ပြီကွ ချင်းကြမယ် let's goooo .."
" ရေးးးး လပ်ချိုးးး "
အမွှာ နှစ်ယောက်က ခုန်ပေါက်ပြီး ပျော်နေကြသလို ထယ်ယောင်းတို့လည်း ပြုံးနေကြသည်။
လေယာဉ်ကို မြေပြင်မှာ ရပ်ဆင်းလိုက်တော့မှ အထုပ်အပိုးတွေကို လက်ကစွဲပြီး ထွက်လာလိုက်ကြ၏။
🇲🇲 ရူးးးး မီယမ်မာ လေဒု က လတ်.. ဆတ် နေတာ ပဲ... 🇲🇲
( 🇲🇲 မြန်မာနိုင်ငံ အလံလေးမြင်ရင် မြန်မာ စကား ပြောတယ်လို့ မြင်ပေးဖတ်ပေးကြပါ.. )
ဂျီမင်က လေကို အဝ ရူရှိုက်ပြီး ပြောလာတဲ့ စကားလူံးတွေက ကိုရီးယားဘာသာ စကားမဟုတ်တာမို့ ကုကီးတို့က ပြူးကြောင်ကြောင် ကြည့်နေကြ၏။
ထိုစဉ် ထယ်ယောင်း ပြောလိုက်တဲ့ စကားကြောင့် ဂျီမင် မျက်နှာရှုံ့မဲ့သွားသည်။
" ဟိုကောင်.. မင်း ဘာစကားတွေ ပြောနေတာလဲ!! မတ်စ် အလုပ်လွန်လို့ အပေါက်မချောင်ဘဲပြီး ဦးနှောက်ချောင်သွားတာလား.. "
သခင်လေး ကင်မ်က ပြောလိုက်ရင် တကယ့်ကို လေလုံးက မချိမဆန့်
" လူဆိုးလေး ကလေးတွေရှေ့မှာ !! "
ကုကီးက ထယ်ယောင်းရဲ့ လက်မောင်းကို လိမ်ဆွဲပြီးပြောတော့ ထယ်ယောင်း ရှုံ့မဲ့သွားသည်။
" အာ့.. အားးး ကိုယ် မေ့သွားလို့ပါ သက်လည်ရာ.. အာ့.. ! "
" ဟွန်းးး ဟွန်းး ခင်ဗျား သတိထား .."
ကုကီးက လက်ကို လွှတ်ပြီး ပြောလိုက်တော့ ထယ်ယောင်းက ခေါင်းငြိမ့်ပြ၏။အမွှာတွေနဲ့ ယွန်ဂီကတော့ သူတို့ကို ပြူးကြောင်ကြောင်သာ ကြည့်နေတော့သည်။
" မစ္စတာ ပတ်စ် ဘာစကားတွေပြောနေတာလဲ "
ကုကီးက ထယ်ယောင်းကို မျက်စောင်းထိုးပြီး ဂျီမင် ဘက်လှည့်ကာ မေးလိုက်၏။
YOU ARE READING
My Universe ( Complete )
Fanfictionမင်းက ငါ့အပိုင်ဘဲ ဂျွန်ဂျောင်ဂု..ငါက ကိုယ်လိုချင်တာကို မရရင်ရင် ဖျက်ဆီးတတ်သလို ငါပိုင်တာထိရင်လည်း သေခြင်းထက်ဆိုးတဲ့ ငရဲကို ပေးတတ်တယ် ကင်မ်ထယ်ယောင်း ငါ အရမ်းချစ်ခဲ့ဖူးတဲ့ သူက နောင်တစ်ချိန် ငါအရမ်းမုန်းတဲ့သူ ဖြစ်မယ်လို့မထင်ခဲ့ဘူး.. ဂျွန်ဂျောင်ဂု မင္းက...