Part -14

1.6K 120 59
                                    

# Unicode #

ကုကီးကတော့ နေရာမှာ ငိုကောင်းတုန်းပင်။ ထယ်ယောင်းလည်း စိတ်မရှည်တာမို့ ကုကီး ကိုယ်လေးကို ပွေ့ချီလိုက်သည်။

" လူဆိုးလေး!! "

ရုတ်တရပ် အချီ ခံလိုက်ရတာမို့ ကုကီး လန့်ပြီး အော်လိုက်မိ၏။

"ဘာ..ဘာလုပ်တာလဲ.."

" ချီခေါ်တာလေ..မင်းစောက်လုံးကန်းနေလား..မမြင်ဘူးလား..ကန်းလည်းကန်းချင်စရာ..စောက်ရည်တွေရွှဲအောင် ငိုနေတာကို! "

ကုကီးရဲ့ အမေးကို ပြန်ပြီ ပြောလာတဲ့ ထယ်ယောင်းရဲ့ စကားကြောင့် ကုကီးရဲ့ နှာခေါင်းလေးရှုံ့သွားကာ ထယ်ယောင်းရဲ့ ရင်ခွင်ထဲမှီပြီးငြိမ်နေလိုက်သည်။

ကိုယ်က သူအဖမ်းခံရမှာဆိုးပြီး ငိုနေတာကို သူက ဘာမှ မဖြစ်သလို လုပ်နေတာ..လူဆိုးလေး မကောင်းဘူး..

ထယ်ယောင်း ငိူထားလို့ မို့အစ်နေတဲ့ မျက်နှာလေးနဲ့ ဆူပုတ်ပုတ်ပုံစံလေးဖြင့်..သူ့ရင်ခွင်ထဲ မီကာ ငြိမ်ပါလာတဲ့..ကုကီးကို ကြည့်ပြီး ခိုးပြုံးလိုက်မိသည်။

" ဘုတ်!! "

" အာ့! "

" ဖြေးဖြေးလုပ်ပါ..လူဆိုးလေးကလည်း ခါးကျိုးပြီလား မသိဘူး.."

ထယ်ယောင်းက ကားရှေ့ခန်းထဲကို ပစ်ချလိုက်တာကြောင့် ကုကီး ခမျာ တုန်းတုန်းလေး .love set ပေါ် ပြုတ်ကျသွား၏။

ဆူပုတ်ပူတ်လေးနဲ့ ထယ်ယောင်းကို မျက်စောင်းထိုးပြီး ပြောလာတဲ့ ကုကီးက မကျေမနပ်ဖြစ်နေပုံ။

" တည့်တည့်ထိုင်! ငါ မောင်းတော့မှာ..ဖယ်.."

ထယ်ယောင်းက မျက်နှာတည်တည်နဲ့ ဖယ်ခိုင်းလာတာမို့ မကျေမနပ်နဲ့ တစ်ဖက်ကို တိုးထိုင်ကာ..ပါးပြင်ပေါ်က လက်ကျန်မျက်ရည်တွေကို လက်ဖမိုးဖြူဖြူလေးနဲ့ ပွတ်ဆွဲပြီးသုတ်ကာ တစ်ဖက်ကို လှည့်ထိုင်နေတဲ့ ကုကီးက သေချာပေါက် စိတ်ကောက်နေတာအမှန်ပင်..

ထယ်ယောင်းလည်း ကလေးဆန်တဲ့ ကုကီးရဲ့အပြုအမူကြောင့်..အသည်းပုံစံ နှုတ်ခမ်းတွေက လေးထောင့်ဆန်ဆန် ရယ်သွမ်းသွေးလာသည်။

My Universe ( Complete )Donde viven las historias. Descúbrelo ahora