Part 1(U±Z)

774 60 18
                                    

BLind Date 🖤💛
Part 1
Unicode

' ရှက်ရှက်နဲ့ ခေါင်းမော့ကြည့်လိုက်တာ
သူက ကျွန်တော့်လက်တွေကို စိုက်ကြည့်နေခဲ့တယ် '

-----------------------

^ သင့်အနားမှာ သင့်ကို နားလည်ပေးမယ့် ၊သင်နဲ့အတူ စကားပြောပေးမယ့် ၊ သင့်လက်ကို တွဲထားပေးမယ့် ပါတနာကောင်း တစ်ယောက်လိုအပ်ပါတယ် ၊ အဲ့တာကြောင့် သင်နဲ့ အဆင်ပြေနိုင်မဲ့ တွဲဖက်ကောင်းကို အကောင်းဆုံး ရှာဖွေပေးနိုင်မယ့် Cute Cupid ကို လှမ်းလာခဲ့လိုက်ပါ ။ စိတ်ပါဝင်စားရင် အောက်က messenger ထဲဝင်ပြီး Blind Date လို့ ရိုက်လိုက်တာနဲ့ သင့်သိလိုတဲ့အချက်လက်တွေ ကျလာပါလိမ့်မယ်နော် ၊ တကယ်လို့ သင်က LGBTတစ်ယောက်ဆိုလည်း အဲ့ဒီအတွက် ဝန်ဆောင်‌မှု့ကောင်းများစွာနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေပါသည်။ သင်ချစ်တဲ့သူက သင်နဲ့ဆန့်ကျင်ဘက်လိင်ဖြစ်ရမယ်လို့ ပညက်ချက်မရှိပါဘူး ။ သင်ချစ်နေဖို့နဲ့ သင့်ကို ချစ်တဲ့သူပဲ ဖြစ်ဖို့လိုပါတယ် ^

New feed ပေါ် ခဏခဏတက်လာတတ်တဲ့ ကြော်ငြာစာတစ်ခုကို မြင်တိုင်း အောင်ဆုံးက စာလေးမှာ Chi တစ်ယောက် ထူးဆန်းတဲ့အတွေးအချို့ အမြဲဝင်ဝင်လာတယ်။ အဲ့တာက

' ငါ ဒါကို Try ကြည့်ရမလား ' ဆိုတဲ့ အတွေးသာဖြစ်သည်။

ဒီရက်ပိုင်း ဘေးနားမှာ အတွဲတွေပဲမြင်ပြီး စိတ်တွေပဲဖောက်ပြားနေသလား ။ မိန်းကလေးတွေနဲ့ကလည်း အဆင်မပြေခဲ့တာ တွဲခဲ့တဲ့ (၁)ပတ် သက်တမ်းတွေက သက်သေ။ ကျောင်းတက်တုန်းက သူငယ်ချင်းတွေကြား နာမည်တွင်ခဲ့သေးသည် '1 week Rs' ဆိုပြီး။

အဲ့လိုဖြစ်ရတဲ့ ပြဿနာက နှစ်ခု ရှိသည်။ တစ်ခုက မိန်းကလေးတွေရစ်တာ မခံနိုင်တာ ။ နောက်တစ်ခုက လိမ်မိရင် နှာချေတတ်တဲ့အကျင့်ရှိတာ ။

ကိုယ့်အကြောင်းသိတဲ့ ကောင်မလေးတစ်ယောက်တုန်းက ချစ်လားမေးတာမှာ ချစ်တယ်ခေါင်းညိတ်လိုက်တာ နှာချေမိလို့ အဲ့နေ့တင် ပြတ်ခဲ့သည်။

ပြဿနာက မိန်းကလေးကြောင့်လား ၊ တကယ်ချစ်တဲ့သူပဲမတွေ့သေးတာကြောင့်လား ။

တစ်ဦးတည်းသော အကြောင်းသိ သူငယ်ချင်းကတော့ အကြံပေးတယ် ' မင်းယောကျာ်းလေး တွဲကြည့်ပါလား ' ဆိုပြီး
သူပြောတုန်းက ‌အကောင်ထည်မဖော်ဖူးပေမဲ့ ခု ဒီ Postတွေကြောင့် တွေးမိနေတယ် ။ ကိုယ်တိုင် ကြိုးစားကြည့်ရအောင်လည်း ဘယ်ယောကျာ်းလေးက ယောကျာ်းလေးစိတ်၀င်စားတယ်ဆိုတာ သိနိုင်မှာလဲ ။ ဒီနေရာမှာတော့ အဆင်ပြေနိုင်မလား ။ အဆင်မပြေလည်း မုန့်တစ်ခုခုစားပြီးပြန်ရုံပါပဲ ။ နောက်ထပ်တွေ့မှာမှ မဟုတ်တာ။

5.Blind Date (Ongoing)Where stories live. Discover now