Part-2(U±Z)

533 46 17
                                    

Blind Date 🖤💛
Part - 2

Unicode

" Perth ဘယ်လိုလဲ မနေ့က အခြေနေ "
ကျောင်းထဲက ကန်တင်းကို ရောက်ရောက်ချင်း JJက လှမ်းမေးလာသည်။

" ပြေပါတယ် "

AJ : ငါတို့ တိုင်ပင်ထားတဲ့အတိုင်း လုပ်လိုက်တာ အိုခေတယ်ဟုတ်? "

အနောက်ကနေ ရေခဲမုန့်ဗူးတွေနဲ့ ရောက်လာတဲ့ JJရဲ့သုံးမိနစ်ခြားအစ်ကို AJ ။ သူ့လက်က ရေခဲမုန့်တွေကို ကြည့်ရင်း

" မနက်အစောကြီးကို "

AJ  : JJ ညက ငါ့ကို ဂိမ်းရှုံးထားလို့ သူ စားရမှာ "

JJ ကို ကြည့်လိုက်တော့ ရှုံ့မဲ့နေတာပဲ ။ ဒါက ကျွန်တော်တို့တွေကြားက လောင်းကြပြီ ၊ ပြိုင်ကြပြီဆို လုပ်တဲ့ ဆုပေး ဒဏ်ပေး အကျင့်လေးတွေပါ ။

AJ: Perth မေးတာဖြေဦး "

" မအောင်မြင်ဘူး "

JJ : ဟေး ဟေး အဲ့တာဆို ...,ငါ့ကို မပြောနဲ့နော် မင်း ကောင်လေးနဲ့ Date ဖြစ်ခဲ့တယ်လို့ "

JJအပြောကိုလည်း ပြန်ဖြေဖို့လည်းအဖြေမရှိ။ ဘာမှပြန်မဖြေ ငြိမ်နေတာမို့ နောက်တစ်ယောက်ကပါ။ 

AJ : ဟော  တကယ်ကြီးလား "

JJ : ဘာတွေလဲ "

AJ : JJ မင်း ရေခဲမုန့်စား ၊ ဒီကိစ္စကို အထူးတလည်လုပ်ပြီး ကျော်မချနဲ့ "

JJ : နေပါဦးကွာ ဒါက ပိုအရေးကြီးနေတာကို "

အမြဲငြင်းလိုက် သတ်လိုက် တည့်လိုက် အမြွှာနှစ်ယောက်က‌တော့ အကြောင်းအရာ ပြောင်းသွားပြန်ပြီ ။

" မင်းတို့တွေ တော်တော့ နားငြီးတယ် "
ပါလာတဲ့ လက်က ဘောလုံးနဲ့ ပစ်ပေါက်လိုက်မှ ငြင်းနေကြတာ ရပ်တော့သည်။

AJ : မင်း ဘက်က ဖျက်တာမျိုး လုပ်မရတာ သိတယ်နော် ၊ ဟိုဘက်ကဖျက်အောင် လုပ်ပြန်တော့လည်း မအောင်မြင်ဘူးဆိုတော့ မင်း ၁၀ကြိမ်တွေ့ရတော့မှာပေါ့ "

" ၈ကြိမ်ပါကွာ "

JJ : မင်း အတည်ကြီ Blind Date ခဲ့တာပေါ့ "

" ဒီတိုင်း ကော်ဖီသောက် စကားပြောလေ... ယောကျာ်းလေးချင်းတွေပဲ မင်းတို့နဲ့လည်း ခု ထမင်းအတူစား မုန့်အတူစား ရှူးတောင် တူတူပေါက်ကြသေးတာပဲ ဟားဟားး "

5.Blind Date (Ongoing)Where stories live. Discover now