Part-7(U±Z)

922 42 19
                                    

Blind Date 🖤💛
Part-7

Unicode

လက်ကို ဖိကိုင်ပြီး ဆွဲခေါ်သွားတဲ့နောက်လိုက်ရင်း ရုပ်ရှင်ရုံ ဝင်ပေါက်နားလောက်မှာ လူတစ်ယောက်နဲ့အမှတ်မထင် တိုက်မိသည်။ လွတ်အောင် ရှောင်လိုက်တာတောင် ဘယ်လိုဖြစ်ပြီး တိုက်မိသွားတာလဲ ။ ပုခုံးတစ်ဖက်ကတော့ တော်တော်လေး နာကျင်သွားရသည်။

နာသွားတဲ့နေရာကို ပွတ်မိနေတုန်း Perthရှိမှ တိုက်သွားတဲ့ သူကို လှမ်းခေါ်လိုက်တဲ့ အသံကြားရလေသည်။ Perth မျက်နှာကို ကြည့်လိုက် တစ်ဖက်သူ မျက်နှာကို ကြည့်လိုက်နဲ့ ကြည့်မိတော့လည်း တစ်ဖက်က သူက ရယ်ကြဲကြဲ ရွဲ့တဲ့တဲ့နဲ့ Perthကလည်း သိသာစွာ ပျက်ယွင်းသွားတဲ့ အမူအရာက အထင်းသား။

သူငယ်ချင်းတွေလား ၊ မဟုတ်ကြတာလား ။ ရွယ်တူလိုဆိုပေမဲ့ သူငယ်ချင်းပုံလည်း မပေါက်ပြန် ။ စောစောက ကြားလိုက်သည့်စကား
" မတွေ့တာတောင် ကြာပြီနော် ဘောဒါကြီးး
အရမ်းတွေ ကြိုးစားနေတာပဲ "

ဘာပြောချင်တာလဲ ။ စာကြည့်တိုက်မှာတွေ့တာလည်း မဟုတ် ရုပ်ရှင်ရုံမှာတွေ့တာကို ဘာကို ကြိုးစားတာလဲ ...

" သွားတော့မယ် နောက် ကျောင်းမှာ ဆုံတာပေါ့ "

Perth ကတော့ စကားစဖြတ် ထွက်ဖို့ လုပ်သည်။ သိုသော်လည်း တဖက်က

" မိတ်ဆက်ပေးခဲ့ပါဦး မင်းကောင်လေးနဲ့ "

သူက ဘယ်လိုလုပ် တစ်ထစ်ချ ချစ်သူရည်းစားလိုသုံးနှုန်းပြောဆိုရတာလဲ။ သူ့ကိုရော Perth အကုန်ပြောပြထားတာလား ။ ဒီအပြင် ကောင်မလေးတစ်ယောက် ထို တဖက်လူနားကို ခါးဖက်လိုက်ရင် ဝင်လာခဲ့လေသည် ။

" လာလေ ဘယ်သူတွေနဲ့ စကားပြောနေတာလဲ "

" Perth ..."
သူတို့အချင်းချင်းပြောပြီး ကိုယ်တွေဘက်လှည့်ကြည့်မိတော့မှ သူ(မ) ပါးစပ်က ခေါ်တဲ့သံ ထွက်လာပြန်သည်။ ဒီအပြင် အဲ့မိန်းကလေးမှာ စောစောက Tdဆိုတဲ့သူကို ဖက်ထားတဲ့လက်‌တွေ အမြန်ဖြုတ်ချလိုက်တာ‌တွေ့ရသည် ။

" Orange နဲ့က သိကြပြီးသားမလား ... Orange...ရုပ်ရှင်မကြည့်ဘဲ Perthတို့အတွဲလေးနဲ့ Double Date လုပ်ကြမလား "

5.Blind Date (Ongoing)Where stories live. Discover now