Part-9(U±Z)

202 22 5
                                    

Blind Date 🖤💛
Part - 9

Unicode

" Cheer "

ကျွန်တော်ရယ် Marc ရယ်နှင့် Perth တို့ သူငယ်ချင်း အုပ်စု ။ အစက ခုလို့ barထိုင်ကြဖို့အစီစဉ်မရှိပေမဲ့ Perth လာကြိုတဲ့အချိန်မှာ Marcလည်း ရောက်နေတာမို့ တခြားသူငယ်ချင်းတွေပါ ခေါ်ပြီး ဝိုင်းကြဖို့ ဖြစ်လာခဲ့သည်။ Perth သူငယ်ချင်းတွေကလည်း ဘယ်လောက် အပေါင်းအသင်းမင်လဲဆို လုပ်စရာ ကိစ္စရှိနေတာတောင် ဖျက်ပြီး ချက်ချင်းရောက်လာကြတယ် ။

သူတို့က ပြောသေးတယ်

" P' နဲ့အတူ သောက်ချင်နေတာ ကြာပြီ " တဲ့

အရင်ကဆို Perthနဲ့ ကိုယ်နဲ့ ဆက်ဆံရေးကြောင့် သူ့တို့ရှေ့ဆို မနေတတ် ဖြစ်ပေမဲ့ ခုနောက်ပိုင်းတော့ သက်သောင့်သက်သာဖြစ်လာခဲ့ရပြီ ။

" အစ်ကို သောက်လေ ကျွန်တော်တောင် တစ်ခွက်လုံး ကုန်သွားပြီ "

ကြည့်လိုက်တော့ အဟုတ်ပဲ။ cheer‌ အော်ပြီး တန်းမော့ချလိုက်တာ ။ ကျန်တဲ့ သူ့သူငယ်ချင်းတွေ ကြည့်တော့လည်း အဲ့အတိုင်းပဲ ။

" ဘယ်လိုတောင် ... "

" ကျွန်တော်တို့အုပ်စုရဲ့ စည်းမျဥ်းတစ်ခုပဲ ပထမဆုံးခွက်ကို ခွက်တိုက်ပြီးရင် အားလုံးမော့ပဲ ဟီးး "

" အစ်ကိုနဲ့ အစ်ကို့သူငယ်ချင်းပဲ ကျန်မယ် မော့ချလိုက် "

သူပြောတာနဲ့ Marcရော ကျွန်တော်ရော ခွက်နောက်တစ်ကြိမ် ထပ်တိုက်လိုက်မိပြီး မော့ချလိုက်ရသည်။ လူငယ် ကျောင်းသားအရွယ်တွေနဲ့လာတာ သူတို့စည်းမျဉ်းဆိုတော့လည်း စည်းမျဉ်းပေါ့။

" ရေးးးး "

ဘေးနားမှာ အဆင့်သင့်ဖြည့်ပေးတဲ့ ဝိတ်တာလေးက အကုန်လုံးကို ဒိုင်ခံဖြည့်ပေးလေသည်။ ဝိုင်းက VIP ဝိုင်းဖြစ်တာမို့ Service ကပြောစရာကို မလိုပေ။

" အစ်ကို သူငယ်ချင်းကို ပြောဦး ကျွန်တော့်ကိုပဲ စိုက်ကြည့်နေတယ် "

Perth အနားနားကပ် တိုးတိုးလေးလာပြောလို့ Mracကို လှမ်းကြည့်လိုက်တာ Perthပြောသလိုပင် beer ကို မြုံစိမြုံစိငုံနေပြီး အကြည့်တွေက Perthရှိမှာ ။ သူ့ပေါင်ကို တစ်ချက် သွားရိုက်လိုက်မှ ပွဲမစခင် မိတ်ဆက်ပေးထားတဲ့ Perthသူငယ်ချင်းတွေဘက် လှည့်တော့သည်။

You've reached the end of published parts.

⏰ Last updated: May 08 ⏰

Add this story to your Library to get notified about new parts!

5.Blind Date (Ongoing)Where stories live. Discover now