Part-4(U±Z)

533 41 13
                                    

Blind Date 🖤💛
Part-4

Unicode

" မင်းက အဲ့လိုမျိုး အကြံနဲ့ကို "

" မဟုတ်ဘူး အစ်ကို ကျွန်တော် ပြောပြမယ် နားထောင်ကြည့်ပါဦး "

မြေပေါ်မှာ ဖင်ထိုက်လျက်ကျ‌နေသည့်အနေထားနဲ့ ကိုယ့်ရှေ့မှာ ရပ်ပြီး ငုံ့ကြည့်နေတဲ့ Chi ကို ကြည့်ပြီး တစ်ခုခုကိုရှင်းပြချင်နေမိသည်။ သူဒေါသတွေ ထွက်နေတယ် ။ ကျွန်တော်ကိုလည်း ထိုးထားတာက နာကျင်တယ်လို့ သိနေတဲ့အသိအချို့က ပြနေသည်။

" ဒီကားအတွက်ပေါ့... ဒီကားး လားးး "

" အားး မဟုတ်ပါဘူး ... မလုပ်ပါနဲ့ .... Chi .. "

'ဒုန်းး ခလွမ်းး '

တားမရစွာ ၊ ကားမှန်တွေ ကွဲကြေသည့်အပြင် ကားbodyတွေ အစင်ရာ များစွာ ထင်ကျန်လေတော့သည် ။

" ဟာ .. အစ်ကို တောင်းပန်ပါတယ် အဲ့ကားက "

ပြောပြ တားနေပေမဲ့ Chiက မရပ် ၊ နောက်တခြမ်းကို ထပ်ဖျက်ဆီးဖို့ သွားတာကြောင့်

" တော်ပါတော့နော် ကျွန်တော့်ကို လုပ်ပါအစ်ကို
ကားးကိုက ချမ်းသာပေးပါ.... "

" မလုပ်ပါနဲ့ ရပ်ပါတော့နော် မလုပ်ပါနဲ့ "
အိပ်ရာပေါ်မှာ အလန့်တကြား ထအော်မိသည်အထိ

" တော်ပါသေးရဲ့ အိပ်မက် အိပ်မက်မို့ "
အိပ်မက်ထဲကအတိုင်း ကားလေးသာ ... ကားချစ်တဲ့သူမို့လား မသိအစင်ရာတွေက ပိုခံစားရလေသည် ။ အစ်ကိုက အဲ့လောက်ဒေါသကြီးနိုင်‌လား ။ အိပ်မက်ထဲမှာတော့ သူမျက်နှာက အရမ်းကို အေးစက်မာကြောနေသည်။ တကယ်ထင်မထားလောက်အောင် ကြောက်ဖို့ ကောင်းနေခဲ့သည်။

မနေ့ညက ပြိုင်ပွဲအတွက် သေသေချာချာကိုလက်ခံလိုက်ပြီးပြီဆိုတာက စိတ်တွေဆွဲပြီး အိပ်မက်တွေပါ မက်ကုန်ပြီလားး ။

ဒီ Tdဆိုတဲ့‌ကောင်က ဘာသဘောတရားနဲ့ ဒီလိုပြိုင်ပွဲမျိုးကို လုပ်တာလဲ ။ ဘာသဘောတရားနဲ့ ဒီ Blind Date ကို ဒဏ်ကြေးသက်မှတ်တာလဲ ။

တွေးကြည့်လေ နားမလည်လေပဲ ။ ဒီလို သက်မှတ်တာမျိုး ၊ ဒီလိုပြိုင်တာမျိုးက ပထမဆုံးပဲဖြစ်လိမ့်မည်။ ကောင်မလေးကို ပြိုင်လိုက်ကြတာမျိုးရှိခဲ့ကြပေမဲ့ အခုကတော့ တမူထူးခြားစွာ ။ အဲ့အတိုင်းလည်း ကိုယ်သာ နိုင်ခဲ့တာမျိုး။ အဲ့တာတွေ ငြိုးသလား။

5.Blind Date (Ongoing)Where stories live. Discover now