Part-8.2(U±Z)

391 19 8
                                    

Blind Date 🖤💛
Part - 8.2

Unicode

အတုယောင်တွေဟာ အစစ်ဖြစ်ရင် ပျော်စရာကောင်းနေမလား ...

ဉာဏ်ဆင်တာမပါဘူးဆို လိမ်ရာကျမည်။ အစ်ကိုရှိက ချစ်တယ်လို့ မြန်မြန်ကြားရအောင် သူ ‌ကားရှေ့ခြေချော်ကျခဲ့သလို စကားတွေနဲ့လည်း ဖိအားတစ်ခုပေးပြီး လုပ်ယူခဲ့ရတာပဲလေ ။

အဖြေရရင် ကားပြန်ရပြီမို့ ပျော်ရမှာကို ခုတော့ ဒီအသံဖိုင်ကို အထပ်ထပ်နားထောင်ရင်း ပျော်မနေခဲ့ပါ။

' နောက်ခေါက်ထပ်လာလို့ ခုလိုမျိုး ကိုယ့်ပစ္စည်းတွေကို သူများတွေကို ပေးထားတယ်ဆို နောက် ဘာလက်ဆောင်မှ မလာတော့ဘူး Perth '

သားလေးလို့ခေါ်တဲ့ ဦးလေးမှ မပြန်ခင် နာမည်တပ်ခေါ်ပြီး ဆူသွားသည့်စကား ။ ဦးလေးဘယ်တော့ ထပ်လာမှာလဲကို အမေရှိ စကားအစ်ကြည့်တော့ ဒီအပတ်ထဲမှာ ပြန်လာဖြစ်မယ်တဲ့ ။ ရှေ့အပတ်ကလို ကိုယ့်ကို တွေ့ဖို့မဟုတ်ဘဲ အလုပ်ကိစ္စနဲ့ဆိုပေမဲ့ ဒီမှာပဲ နေမှာ ဒီကိုပဲ လာမှာ ဖြစ်သည်။

အဲ့တာကြောင့် အရင်ဆုံး ဒီကစားပွဲကို ပြီးဆုံးအောင်လုပ်ပြီး ကားပြန်ယူရမည်။ ဦးလေး ပြန်သွားပြီးတဲ့အပတ် နှစ်ယောက်တွေ့တဲ့ချိန်ကတည်က ဖွင့်ပြောဖို့ကို မအောင်မြင်ခဲ့တာ။

ဖွင့်ပြောဖို့အရဲစွန့်‌လိုက် ရေအောက်ကမ္ဘာက ရေသတ္တဝါလေးတွေကို ကြည့်ပြီး သဘောကျနေတဲ့ အစ်ကို့မျက်နှာမြင်ပြီး ကွယ်ပျောက်လိုက်နှင့် မပြောနိုင်ခဲ့ ။ ဒီခေါက်ကတော့ အောင်မြင်ခဲ့ပေမဲ့လည်း စိတ်တွေက ပေါ့ပါးမနေတာတော့ အမှန်ပဲ ။

' ချစ်တယ် Perth ဒါပဲနော် '

အသံဖိုင်ကို နောက်တစ်ခေါက် ထပ်နှိပ်နားထောင်မိပြန်သည်။

" တောင်းပန်ပါတယ် အစ်ကို "

>>>> Send >>>>>
အမြန်ပြီးပြတ်ချင်တာမို့ အများကြီးမတွေးဘဲ ထိုအသံဖိုင်လေးအား လိုင်းပေါ်ကသာ ပို့လိုက်သည်။

ဒါပြီးရင်ရော ဘာဆက်လုပ်ရမလဲ ....
အဆက်သွယ်ဖြတ်ရတော့မှာလား ....
ဒီတိုင်းလေး ဆက်ခင်မင်နေလို့ရော မရတော့ဘူးလား ....
ဒါတွေသာအမှန်တိုင်း သိသွားရင် ဘာတွေဖြစ်မလဲ...

5.Blind Date (Ongoing)Where stories live. Discover now