Part-5(U±Z)

596 39 10
                                    

Blind Date 🖤💛
Part-5

Unicode

အမြဲတမ်း နိုးထလာတဲ့ မနက်ခင်းတွေဟာ တူညီပေမဲ့ ဒီမနက်ခင်းမှာတော့ မတူညီတော့ပါဘူး ။ ဘာမတူညီလဲဆို ကျွန်တော် ကောင်လေးတစ်ယောက်နဲ့ တွဲနေတယ်ဆိုတဲ့ အသိလေးက ဒီမနက် အာရုံမှာ အရင်ဦးဆုံး အသိပေးသည်။

ပြီးတော့ အဲ့ကောင်လေးက အခု ကျွန်တော့် အိမ်မှာပဲ အိပ်စက်နေတာပါ ။ ကုတင်ပေါ်ထ ထိုင်လိုက်ပြီး မျက်နှာဇောင်းထိုးက TVရှေ့က ဆိုဖာအရှည်ပေါ်ကို ကြည့်လိုက်တာ ခုထိ မ,ထသေးပဲအိပ်နေတာမြင်ရတာက အိပ်မက်မဟုတ်တာကို မျက်ဝါးထင်ထင် ။

သူ တကယ်ကြီး ဒီကောင်လေးနဲ့ တွဲဖို့ ခေါင်းညိတ်ခဲ့တာ ဖြစ်သည် ။ တွဲကြည့်ရင်းလည်း လေ့လာကြည့်လို့ ရတယ်ဆိုတဲ့အချက်ရယ် ၊ သူသိချင်တဲ့ အကြောင်းအရာများရယ် ၊ လူငယ်တွေပဲ ဒီလိုကိစ္စလေးက ပေါ့ပေါ့ပါးပါးပါပဲ တွေးလိုက်တာရယ်နဲ့ နောက်ဆုံး သူ ကောင်လေး ရခဲ့ပါပြီ ။ ချစ်တာ မချစ်တာ မပါတဲ့.... ဒီဇာတ်လမ်းလေးက ခုလိုမျိုး အမှတ်တမဲ့ကနေ စတင်ခဲ့ပြီ ။

" Perth.... Perth ...ထ ... "
ညက သူ့အားပေးတဲ့ လီဗာပူးပွဲလာလို့ဆိုပြီး အစပိုင်းမှာ အတူကြည့်ဖြစ်ကြသည် ။ ၁၁ ကျော်ဆို အိပ်တတ်တဲ့ မိမိအကျင့်ကြောင့် အရင် အိပ်ဖြစ်ခဲ့ပေမဲ့ သူကတော့ ဘယ်ချိန်မှ အိပ်ရာဝင်တာများလဲ ။

" ဟင်... အင်းးအင်းး ...၅မိနစ် မားး "

" ထတော့ မင်းအိမ်မှာ မဟုတ်ဘူး မျက်လုံးး ဖွင့်ကြည့်ဦးးး "

" အင်းးအင်းး "

" ညက ဘယ်ချိန်မှ အိပ်လို့ ခုလိုဖြစ်နေတာလဲ ကျောင်းသွားရမယ် "

" ဟင် .. အိပ်ချင်လို့ "

သူကောင်လေးရတာလား ကလေးတစ်ယောက်ရနေတာလားး ။ သူမြင်သမျှမှာတော့ ကျောင်း ပြေးနေတာပဲ မြင်သည်။ တက်တာကို မတွေ့ ။

" အဲ့လို မလုပ်ရဘူးး ထတော့ လိမ္မာတယ် "

" ကျွန်တော် ကလေး မဟုတ်ဘူးနော် "

ဟော အဲ့လိုပြောတော့ ချက်ချင်းထထိုင်ပြီး ချေပနေတယ် ။

" အင်း လူကြီးးပါ.. လူကြီးမို့ ‌ထပြီး ကျောင်းသွားလိုက်ပါ "

5.Blind Date (Ongoing)Where stories live. Discover now