Part-3(U±Z)

531 44 19
                                    

Blind Date 🖤💛
Part 3

Unicode

Meeting စခါနီးမှ ဝင်လာတဲ့ ဖုန်း call တစ်ခုက ခုလို အားတဲ့အချိန်ကျ ထပ်ဝင်မလာတော့ ။ ကိုယ့်ဘက်ကပဲ ဆက်ရမလား တွေးပေမဲ့ အဲ့လို ဖုန်းဆက်ဖို့ဆို မိမိမှာ အမြဲ တွေဝေတတ်သူ ဖြစ်သည်။

" ၈ ကြိမ် , ၈ကြိမ် "

သူ တကယ် ဘာမှကို မသိ ၊ ဒီတိုင်း formတင်လိုက်တာကလွဲလို့ တကယ် ဘာမှ မသိ ။ တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားရှေ့မှာ သူ ငတုံး ဖြစ်နေပြီလား ။ တစ်နှစ်သာ ငယ်တာ တချက်ချက် သူက လူကြီးလို ။

" အော် ဒါနဲ့ သူမေးသလို ငါ ဘာလို့ ပြန်မမေးခဲ့တာလဲ "

ကိုယ့်ပေါင်ကိုယ်ရိုက်လိုက်ရင်း ကိုယ့်ကိုယ်ကိုယ် အားမလို ၊ အားမရဖြစ်မိသည် ။ သူမေးသလို ' ယောကျာ်းလေးတွဲဖူးလား ၊ မိန်းကလေးရော ' ဒီဟာတွေ ပြန်မေးသင့်တာ။

* တီ ... တီ..တီ *

၁၁နာရီ ကျော်နေပြီမို့ အတွေးတွေ ရပ် အိပ်တော့မလို့အလုပ် ဖုန်းဝင်လာလေသည် ။ သူရှိ ဆက်စရာက အလုပ်ထဲက အထက်က မန်နေဂျာအမကြီးရယ် ၊ Marc ရယ် ၊ ဟိုတစ်ယောက်ရယ် ။
သေချာတာတော့ ဟိုတစ်ယောက်ဖြစ်ဖို့များသည်။ ကျန်တဲ့နှစ်ယောက်က ဒီချိန် သူ အိပ်ပြီဆိုတာ သိသည်။

" ဟယ်လို "

" အိပ်နေပြီလား "

" အိပ်တော့ မလို့ "

" အာ့ဆိုလည်း ဒါပဲလေ "

ဒီတစ်ယောက် ဖုန်းဆက်တိုင်း လာ ဆော့နေတာလား

" ခဏ ....နေ့လယ်က ပြောစရာရှိတယ်ဆို ပြောလေ "

" ဟုတ်တယ် နေ့လယ်က ပြောစရာရှိနေတာ ဒါပေမဲ့ ခုကတော့ အဲ့အကြောင်းတရား မပြောဖြစ်တော့ဘူး "

ဘာလဲဆိုတာ သိချင်ပေမဲ့ တဖက်က မပြောဖြစ်တော့ဘူးဆိုတော့လည်း သူ မမေးဖြစ်တော့ပါ။

" မပြောဖြစ်တော့ဘူးဆို ဘာလို့ ဖုန်းဆက်နေသေးတာလဲ "

" ဟင် ... "

" မသိချင်ဘူးလား ပြောစရာရှိတယ်ဆိုပြီး ဖုန်းဆက်ထားတာကို ထပ်မဆက်တော့တဲ့အခါ ဘာပြောမလို့လဲ အရေးကြီးလား ဘာလဲဆိုတာ "

5.Blind Date (Ongoing)Where stories live. Discover now