Part-6(U±Z)

667 43 14
                                    

Blind Date 🖤💛
Part-6

Unicode

အုံခဲနေတဲ့ခေါင်းဖြင့် လေးလံစွာ ပွင့်လာတဲ့ မျက်လုံးတွေ...
ဒီအပြင် လေးလံနေတဲ့ လက်မောင်းတစ်ဖက် နဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ထိတွေ့နေတဲ့အရာက ... ဘာလဲ

ပွင့်လာတဲ့ မျက်လုံးကို ခပ်ဖြည်းဖြည်းစောင်းကြည့်လိုက်တဲ့ အခါ ...သူ့ဘေးနားတွင် ကပ်အိပ်နေတာက Chi...

' OMG '

တစ်ယောက်တောင် တစ်လှိမ့်လှိမ့်ရင် ပြုတ်ကျနိုင်တဲ့ ဒီဆိုဖာ ခုံပေါ်မှာ သူတို့နှစ်ယောက် ဘယ်လိုတောင် အိပ်နေပါလိမ့်။ သူမလှုပ်ရဲသေး Chi နိုးသွားမှာစိုးတာကြောင့်
' ဘာမှတော့ မဖြစ်ဘူး ဘာမှတော့ '
သူ မူးနေတဲ့ အချိန်က မှတ်ဉာဏ်တွေကို ပြန်ခေါ်ကြည့်တဲ့အခါ ...

သံပုရာရည် အတင်းလိုက်တိုက်နေတဲ့ Chi ၊ လိုက်လိုက်နမ်းနေတဲ့ မိမိရဲ့ ဆိုးရွားတဲ့ ပုံရိပ်တွေ ၊ပြီးတော့ မူးပြီး ဆိုဖာပေါ် လှဲချလိုက်သည့်တိုင်အောင် Chiကို သွားခွင့်မပေးဘဲ အတင်းဆွဲဖက်ထားတာတွေ... ပေါ်လာလေတော့သည်။

'အဲ့လိုနဲ့ Chi လည်း ဒီမှာ အိပ်ဖြစ်သွားပုံပဲ'

မူးရင် သွေးဆိုးတတ်ပေမဲ့ ဒီလောက်ကြီးကတော့ ... သူ့ကိုယ်သူတောင် မယုံနိုင်။ Memories ပြန်ခေါ်နေတဲ့ အချိန်အတွင်းမှာ Chi လှုပ်လာတာကြောင့် မျက်လုံးကို ခပ်မြန်မြန်ပြန်မှိတ်ချလိုက်သည်။

" အားး ကျွတ်.. ကျွတ် ... "

' လက်မောင်းခေါင်းအုံးထားတာရော အဖိခံထားရ‌တာရောက သူကို အစ်ကိုက ကျွတ်ကျွတ်တဲ့ '

စိတ်ထဲက ကြိတ်ပြောမိရင်းနဲ့ ထပ်တွေးမိတာ ခြေထောက်

' ဟုတ်သားပဲ ခြေထောက် '

မျက်လုံးက ဖွင့်ကြည့်လို့လည်း မရ အိပ်ချင်ယောင်ဆောင်နေတဲ့အနေထားမှာ ....

Chi ကလည်း အသံမထွက်ဘဲ ဖြည်းဖြည်းချင်း ထဖို့လုပ်နေတယ်ဆိုတာ နိုးနေတဲ့ ကိုယ့်မှာ အားလုံး သိနေသည် ။ သူ ထသွားပြီလို့ထင်ရအပြီးမှာ ဖန်ခွက်ကျကွဲသံကြားလိုက်ရသည်။

" အားး sh**t "

ဆက်အိပ်ချင်ယောင် ဆောင်လို့လည်း မဖြစ်တော့တာမို့ နိုးသွားတဲ့ ပုံစံနဲ့သာ ထ ထိုင်လိုက်တော့သည်။

5.Blind Date (Ongoing)Where stories live. Discover now