Part-8.1(U±Z)

296 22 3
                                    

Blind Date 🖤💛
Part-8.1
Unicode

" အစ်ကို့ကို သဘောကျတယ် "

" ဟင် "

" အမေ့ အားးးးး "

ထင်မှတ်မထားတဲ့ စကားကို ထင်မှတ်မထားမိတဲ့အချိန် ထင်မှတ်မထားတဲ့ နေရာမှာ ကြားလိုက်ရသည်။

ဒီနေ့ဟာ ကျွန်တော်တို့ Blind Date 5 ကြိမ်မြောက် တွေ့ဆုံနေကြတဲ့ချိန်ဖြစ်ပြီး နေရာအရ Dream World ကစားကွင်း ၊ အဲ့ဒီမှာ Vikingစီးနေရင်းနဲ့ ဖွင့်ပြောခံလိုက်ရသည် ။
(A/N - Viking Rideက မြန်မာမှာဆို ပင်လယ်ဓါးပြကို ပြောတာပါ )

အရှိန်တော်တော်မြင့်တဲ့ချိန်မှာ Perthရှိက ဖွင့်ပြောလာအပြီး အောက်ကို ပြန်လျောကျသွားတဲ့အခါ သူပြောတာတောင် ပြန်မေ့သွားတဲ့အထိ ရင်ထဲ အေးခနဲဖြစ်သွားမှု့ကြောင့် အော်ချမိတော့သည်။

" မိုက်တယ်မလား အစ်ကို
ဒီလိုမျိုး ဖွင့်ပြောတာမျိုး လုပ်ကြည့်ချင်ခဲ့တာ မိုက်တယ်..ဟုတ် "

" ဘယ်လို မိုက်တာလဲ .... အားးးးးး "
စကားတစ်ခွန်းပြောဖို့တောင် အူတွေ အပေါ်တက်သွားလိုက် အောက်ဆင်းသွားလိုက် ခံစားချက်ကို

" မင်း တစ်ယောက်ထဲသာ မိုက်နေလိုက် .... "

" အားးးး ထနပ်ပွန် .... "

" ကျွန်တော့် လက်ချောင်းတွေ ကျိုးတော့မယ် အစ်ကို ... "

သူအော်ပြောတဲ့ စကားတွေကလည်း လေထဲတစ်ဝက်နဲ့ ပျောက်ကွယ် ၊ အရှိန်ကလည်း ပို ပြင်းလာလေသည်။ မြင့်လာတာမှ ... နတ်ပြည်ကနေ ငုံ့ကြည့်နေရသလိုပဲ ၊ Perthကို ကြည့်လိုက်တော့ လေတိုက်ခတ်ထားတဲ့ အရှိန်နဲ့ မျက်နာအသားရည်နီးစက်စက်ဖြစ်နေတာကလွဲ ကျန်တာအဆင်ပြေသည်။ တဝူးဝူးနဲ့သာ အော်မြူးရင်း ပျော်နေတာ ...

" Chi ... ချစ်တယ် ... "

လူတွေ အားလုံးက သူတို့ အော်သံတွေနဲ့ သူတို့မို့ သူအော်နေတာကို အာရုံမရပေမဲ့ ဘေးနားမှာရှိတဲ့ မိမိကတော့ အတိုင်းသား ကြားရသည်။ ‌ လုံးဝ မထင်မှတ်ထားခဲ့တာမျိုးပါ ၊ စီးတာအချိန်ပြည့်လို့ မြေပြင်ပေါ် ပြန်ရောက်တဲ့ထိ သူ့ ဖွင့်ပြောတာနဲ့ ပတ်သက်ပြီး ကိုယ့်ဘက်က စကား မဟဖြစ်သေး။ မတွေးမိနိုင်သေးဆို ပိုမှန်မည်။

5.Blind Date (Ongoing)Where stories live. Discover now