Part 1: Love at First sight 🎈

1.1K 54 0
                                    

တိတ်ဆိတ်နေတဲ့ ညတခု အချိန်က ည ၁၀ နာရီ ——
"ဆောင်း ဟန် ဘင်း .........
ဘယ်လိုဖြစ်နေတုန်း ခေါ်မကြား အော်မကြား နဲ့ ဖုန်းဆက်တာလည်း မကိုင်ဖူးတဲ့ ''
တဖက်ခန်းက သူ့ Manager အစ်ကို ဝမ်းကွဲ ဂျီဝန်းဟျောင် က ပြောလည်း ပြော သူ့အခန်းထဲလည်း ဝင်လာတယ်

စောင်ပုံကြားထဲ ကွေးနေတဲ့ ဟန်ဘင်း မှာ အိပ်ချင်မူးတူး ထထိုင်ရင်း ကြောင်တောင်တောင် ဖြစ်နေလို့ ဂျီဝန်းမှာ သူ့ညီကို ပြောလည်းပြော ရယ်လည်း ရယ်ချင်သွားတယ်

*ဆောင်းဟန်ဘင်း ဆိုတာ 5th generation idol တယောက်
မနှစ်က X21 ဆိုတဲ့ အဖွဲ့နဲ့ debut ထားပြီး လက်ရှိ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ idol
ချောမော ပြေပြစ်ပြီး အကြည်ဓာတ်ရှိတဲ့ ရုပ်ရည်နဲ့ ချိုသာတဲ့အသံ ရူးလောက်တဲ့ အက တွေကြောင့် debut ပြီးချက်ချင်း နိုင်ငံတကာ fan တွေရော local fan တွေရဲ့ သည်းသည်းလှုပ်ချစ်ခြင်းကို ခံနေတဲ့ idol ပေါက်စလေး

ဟန်ဘင်း ဂျီဝန်းကို သူ့ရဲ့ နာမည်ကြီး dimple cheek ပါးပေါ် အရစ်လေးတွေ ပေါ်တဲ့ ထိ ပြုံးပြရင်း
" ဘယ်သူဆက်တာလည်း ဟျောင် "

" မင်း သူဌေး ရှန် Ricky ပေါ့ အရေးကြီး ပြောစရာ ရှိလို့တဲ့ ပြန်ခေါ်လိုက်ဦး "

" ဟုတ် ဟုတ် ဟျောင် "

ဟန်ဘင်း ဖုန်းထုတ်ရင်း ရစ်ကီကို ဖုန်းပြန်ဆက်လိုက်တယ်

" Ricky ပြော ''
" အေး ဆောင်ဟန်ဘင်း အဲ့မှာ သေနေ တခုခုဆို ဖုန်း မကိုင်ရတာနဲ့ ''

" ငါ Dance training ပြီး ပင်ပန်းပြီး အိပ်ပျော်နေလို့ပါကွာ ''
" ဘာကိတ် ''

" အေး မင်း make up artist ညနေက ဖုန်းဆက်တယ် ယောက်ကျားနောက် လိုက်သွားပြီတဲ့ Japan ကို အာ့ urgent resign တင်သွားတယ် မရှိတော့ဖူး "

" ဟာ ဟုတ်လား ဝမ်းသာစရာ ပဲ ငါ ဖုန်းဆက် congratulations လုပ်ရမယ် "

" ဆောင်းဟန်ဘင်း ဆောင်းဟန်ဘင်း ကိုယ့်ကိစ္စ ကိုယ် အရင် မတွေးဖူး သူ့ ပလစ်ထားခဲ့ တဲ့ သူ့ makeup ဆရာ အတွက်ကို အရင် ဝမ်းသာပေးနေသေးတယ် "

အဲ့လိုပြောလိုက်ပေမဲ့ Ricky စိတ်ထဲကတော့ သူ့သူငယ်ချင်းလေးက အဲ့လို စိတ်ထားကောင်းလို့လည်း လူချစ်လူခင် ပေါနေတာဖြစ်မယ်လို့ တွေးမိလိုက်သေးတယ်

Be Mine  🎈🤍Where stories live. Discover now