Part 11 : Beautiful day to be wtih you👨‍❤️‍👨

359 42 0
                                    

ချစ်သူတွေ ဖြစ်ပြီးပြီးချင်းမှာပဲ နှစ်ယောက်အတူတူ Pizza မှာစား စကားတွေပြောပြီး တော်တော်နောက်ကျမှပဲ ကိုယ်စီ အိမ်ပြန်ဖြစ်ကြတယ်

ဒါတောင် ဟာအို့အိမ်ကို သိချင်လို့ဆိုပြီး သူ့ကားနဲ့ ကိုယ်တိုင်လိုက်ပို့တော့ ဂွန်းနုမှာ တစ်ယောက်ထဲ အနောက်က မောင်းလာရတယ်
စစချင်း သဝန်တွေ တိုပြီး အမြင်မကြည်တဲ့ ဂွန်းနုကို ခုကျတော့ ယောက်ဖလေးဆိုပြီး လောကွက်တွေ ချော်ပြီး သူ့ဟာအိုလေးကို ဂရုစိုက်ဖို့ မှာနေသေးတယ်

နောက်တနေ့မနက်——

တီးတောင် —-
Bell သံကြားတော့ ဂွန်းနု တံခါးထအဖွင့်

" ဟာ ဟန်ဘင်းဟျောင် အစောကြီးပဲ မနက် ၅ နာရီပဲ ရှိသေးတယ်လေ "

hoodie အမဲ ခေါင်းစွပ်ကြီး ဝတ်ပြီး တံခါးရှေ့မှာ ရပ်နေတဲ့ ဟန်ဘင်းကို ကြည့်ပြီး ဂွန်းနု အံဩသွားတယ်

" sorry ဂွန်းနု အိပ်ရေးပျက်သွားလား ဟီး
အိပ်လို့လည်း မပျော် ဟာအို့ကိုလည်း သတိရလို့ အစောကြီး ထွက်လာတာ "

" အင်း ရပါတယ် ကျွန်တော်လည်း စောစော ထပြီး လမ်းလျှောက်နေကျ ခုတောင် သွားတော့မလို့
ဟာအိုဟျောင်ကတော့ အစောကြီး မနိုးတတ်ဖူး အိပ်နေတုန်း ဟိုဘက်က သူ့အခန်း "

" အင်း ဂွန်းနု ကျေးဇူးပါ
ရှေ့နားက စျေးက လိုတာလေး ဝယ်လာတယ် ဟာအို နိုးရင် စားဖို့ breakfast ချက်ပေးချင်လို့ ဂွန်းနုလည်း ပြန်လာရင် စားလေနော် "

" ဟုတ် ဟျောင် ကျွန်တော် သွားပြီနော် "

ဂွန်းနုထွက်သွားပြီးတော့ ဟန်ဘင်း ဟာအို အခန်းလေးထဲ ချောင်းကြည့်မိတယ်

သူ့ ပိစိလေးက စောင်ဖြူ ပုံ ကြားထဲမှာ မြုပ်နေပြီး ခေါင်းလေး ပဲပေါ်ကာ အေးဆေးလေး အိပ်နေတယ်

ပါးလေးကို ထိလိုက်ချင်ပေမဲ့ နိုးသွားရင် အိပ်ရေးမဝဘဲ စူပုတ်ပုတ်လေး ဖြစ်နေတတ်တဲ့ သူ့ချစ်သူလေးကြောင့် ငေးကြည့်ရုံပဲ ကြည့်ပြီး ပြန်ထွက်လာလိုက်တယ်

ချစ်သူဖြစ်ပြီး ပထမဆုံး မနက်မှာ သူကိုယ်တိုင် လုပ် တဲ့ breakfast ကို ကျွေးချင်လို့ ညထဲက စဉ်းစားထားပြီး မနက်အစောကြီး ထလာတယ်

Be Mine  🎈🤍Donde viven las historias. Descúbrelo ahora