Part 12 : Sweet Moments 🍭

377 41 2
                                    

ဟာအိုခြေထောက်ထိခိုက်ထားလို့ နားနေတဲ့ တစ်ပတ်မှာ ဟန်ဘင်းက အားတဲ့အချိန်လေး ရောက်ရောက်လာပြီး အဖော်လုပ်ပေးနေတာကြောင့် နေမကောင်းလို့ နားနေတဲ့ပုံမပေါက်ဘဲ နှစ်ယောက်သား ချိန်းတွေ့ဖို့ အားလပ်ရက် ယူထားကြသလား အောက်မေ့ရတယ်

အပျော်ဆုံးကတော့ ဂွန်းနုပင်
သူ့တာဝန်တွေ အစ်ကို ဟန်ဘင်းကိုပေးလိုက်ပြီ ဟာအိုဟျောင်ဒဏ် ဟန်ဘင်းဟျောင်ပဲခံပေတော့ ဆိုပြီး ပျော်နေလေရဲ့

ဒီနေ့ ဟာအို အလုပ်ပြန်သွားတော့မှာမို့ ဟန်ဘင်း အိမ်ကို မနက်အစောကြီး ရောက်လာပြန်တယ်
အိပ်ယာက လာနှိုးပြီး studio လိုက်ပို့ပေးဖို့ တာဝန်ကို ဂွန်းနုဆီက သူကိုယ်တိုင်သွားပြီးတောင်းဆိုခဲ့သည်မလား

ဂွန်းနုကတော့ ကျေကျေနပ်နပ် နဲ့ပဲ ဒီနေ့ကစပြီး အဲ့တာဝန် ဟန်ဘင်းဟျောင်ယူလိုက်တော့ ဆိုပြီး သွားစရာရှိတယ်ဆိုကာ ထွက်သွားလေရဲ့

ဟန်ဘင်းရောက်တာနဲ့ ဟာအို့ အခန်းထဲ ဝင်လာပြီး
စောင်ပုံထဲမှာ နစ်ဝင်နေတဲ့ ဟာအိုကို လုံးပြီး စောင်ပေါ်က ဖက်လိုက်တယ်

" အားဂူး ကျွန်တော့ ကောင်လေးက အိပ်နေတုန်းလား အလုပ်သွားရမယ် ထတော့လေ "

" အာ ဟန်ဘင်းရား ခဏလေးးနော် ၅ မိနစ် ၅ မိနစ် "

မျက်လုံး မဖွင့်ဘဲ လက်ညှိုး လေး တချောင်းထောင်ပြတဲ့ ဟာအိုလေးက ချစ်စရာလေး
စောင်ကို ဖယ်ပြီး သူပါ စောင်အောက်ထဲ ဝင်လိုက်တော့ T shirt အဖြူ ပွပွလေးတွေနဲ့ ဘောင်းဘီအတိုလေး ဝတ်ပြီး ပုစွန်ထုတ်လေးလို ကွေးနေလေရဲ့
အသည်းတွေ ယားပြီး အနောက်ကနေ သိမ်းကြုံးဖက်ပြီး ခွ လိုက်တော့ အိပ်ချင်မူးတူးနဲ့ ပလုံးပထွေး အသံသေးသေးလေး ထွက်လာတယ်

" ဟန်ဘင်းရား ခဏလေး ၅ မိနစ်လောက်ပဲ ကောင်းကောင်း အိပ်ပါရစေ"

" အင်း ဘာမှ မလုပ်ဖူး အသည်းယားလို့ ဖက်ချင်လို့ " လို့ပြောပြီး အနောက်ကနေ ပေါ်နေတဲ့ ဂုတ်သား ဖွေးဖွေးလေးကို အသာလေး ဖွဖွလေး နမ်းလိုက်တယ်
အိပ်ချင်မူးတူး အကောင်ပေါက်လေးကတော့ မသိလိုက် သိရင် သူ့ကို ကောက်နေဦးမှာ

Be Mine  🎈🤍Where stories live. Discover now