Part 23 : I Do 🎆

383 33 6
                                    

နှစ်ယောက်သားပြန်တွေ့ပြီးနောက် new year နဲ့လည်း တိုက်ဆိုင်နေတာကြောင့် ပါပါးနဲ့ မာမားရဲ့ ခွင့်ပြုချက်ယူကာ ပြင်သစ်ကို တူတူ အပျော်ခရီးထွက်လာကြတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


နှစ်ယောက်သားပြန်တွေ့ပြီးနောက် new year
နဲ့လည်း တိုက်ဆိုင်နေတာကြောင့် ပါပါးနဲ့ မာမားရဲ့ ခွင့်ပြုချက်ယူကာ ပြင်သစ်ကို တူတူ အပျော်ခရီး
ထွက်လာကြတယ်

ဘေကျင်းမှာ ပါပါး မာမားတို့ အိမ်မှာပဲတည်းတာကြောင့် နှစ်ယောက်သား လွတ်လွတ်လပ်လပ်မတွေ့ရသေး အကဲပိုရင်လည်း မျက်စိ ဆံပင်မွှေးဆူးမှာဆိုးလို့ အနေအထိုင် ဆင်ခြင်နေရတယ်
အဲ့ဒါကြောင့် အခု နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ် ထွက်လာရတာကို ဟန်ဘင်းတယောက် အသေ အူမြူးနေတယ် ဟာအိုကလည်း ပါးစပ်ကို မစိတော့ဖူး ပါးမို့လေးတွေ မို့တက်အောင် တလမ်းလုံး ပြုံးဖြီးနေတယ် ထူးထူးဆန်းဆန်းလေယာဉ်ပေါ်မှာ
လည်း လုံးဝ မအိပ်ဘဲ ခွဲနေကြတုန်းက တယောက် အကြောင်းလေးတွေကို တယောက် ပြန်ပြောပြနေကြတယ်
ကိုင်ထားကြတဲ့လက်လေးတွေကိုလည်း လုံးဝမလွှတ်တော့ တစ်လမ်းလုံး ကိုင်ထားကြတယ်

လေဆိပ်ကနေ hotel ခန်းထဲရောက်တော့လည်း ရောက်ရုံပဲ ရှိသေးတယ် ဟန်ဘင်းက ဟာအိုကို ပွေ့ချီပြီး ကုတင်ပေါ်တင်ကာ အပေါ်က အုပ်မိုးပြီး ဟာအို အသည်းယားတတ်တဲ့ နားရွက်ဖျားလေးတွေကို သူ့နှုတ်ခမ်းဖျားလေးနဲ့ ငုံလိုက် လေလေးနဲ့မှုတ်လိုက်နဲ့ လိုက်စနေတယ်

နားဖျားလေးတွေ ထိရင်မနေတတ်တဲ့ ဟာအိုလေးက သူ့ရင်ခွင်အောက်မှာ မျက်နှာလေး ရှုံ့မဲ့ပြီး နီရဲလာတာကို သူက အသည်းတယားယားနဲ့ ကြည့်နေတယ်

"ဟန်ဘင်း မလုပ်နဲ့တော့ဆို"
" မရဖူး မောင်လို့ ပြန်မခေါ်မချင်း လုပ်မှာပဲ"

" ခေါ်မယ် တော်တော့ မောင် တော်တော့ဆို "

မောင်လို့ပြန်ခေါ်မှ ဟန်ဘင်းလည်း အားရပါးရ ပြုံးလိုက်တဲ့ အပြုံးလေး ပေါ်လာပြီး လွှတ်ပေးလိုက်တယ်
ဟာအိုကတော့ မျက်စောင်းလေးထိုးပြီး နှုတ်ခမ်းလေး စူထားတုန်း
" ချစ်လို့စနေတာ ဟာအိုအဲ့လို စိတ်ကောက်တဲ့ မျက်နှာလေးကို လွမ်းနေတာသိရဲ့လား "

Be Mine  🎈🤍Where stories live. Discover now