Part 15 : I Became for you 🌱

359 36 0
                                    

" Ricky ရာ Singapore ပွဲနဲ့ Indonesiaပွဲ နဲ့ ကြားမှာ ၅ ရက်တောင် ခြားတာ ဒီပြန်လာမယ်လေ "

" တခါထဲ သွားတာအဆင်ပြေတယ်လေ
ဟန်ဘင်းရာ နေရာချင်းက နီးနေပြီလေ "

ဟန်ဘင်း နဲ့ Ricky ရှေ့လ world tour တွက်schedule ဆွဲနေကြခြင်းဖြစ်တယ်
Ricky က Singapore ပွဲပြီးရင် Indonesia ပွဲ တခါထဲ ဆက်သွားချင်ပေမဲ့ ဟန်ဘင်းက ကိုရီးယားကို တခါပြန်လာပြီးမှ သွားချင်နေတာ ဖြစ်တယ်
" ဟန်ဘင်းနော် မင်းအကြောင်းငါသိတယ် တော်တော်ဖြစ်နေတယ်နော် bro 
ဟောင့်ကောက တော်သေး မင်းက သဲသဲကဲကဲ ပိုကိုပိုတယ် "

" ဒါကတော့ ချစ်တာကိုး"

ခုဆို ဟန်ဘင်းနဲ့ ဟာအို ချစ်သူဖြစ်တာ ၆ လကျော် ရှိလာပြီ ဖြစ်တယ်
ဂျယ်ဂျူက ပြန်လာပြီးထဲက ဟန်ဘင်းက ဟာအိုကို ပိုသည်းသည်းလှုပ် ဖြစ်လာပြီး အားတာနဲ့ အချိန်ရတိုင်း သွားတွေ့ အတူသွား အတူစား ဖြစ်နေတယ်
နှစ်ယောက်သား အလုပ်ကိုယ်စီ လုပ်ရင်း မအားမလပ်တွေ ဖြစ်နေကြပေမဲ့လည်း အားတဲ့အချိန်လေးတွေမှာ တယောက်ကို တယောက်အချိန်ပေးဖြစ်ကြပြီး တူတူရှိနေတတ်ကြတယ်

နောက်လဆို ဟန်ဘင်းတို့ world tour ရှိတဲ့အတွက် ခုတလော training တွေနဲ့ မအားလပ် သီချင်းတွေတိုက် ကကွက် အသစ်တွေ ပြန်လုပ်တာတွေနဲ့ အချိန်တော်တော်များများ အလုပ်မှာပဲရှိနေရတယ်

ဒါမဲ့ အရမ်း ပင်ပန်းနေတဲ့အချိန် လွမ်းလွန်းလို့ တွေ့ချင်လာရင်အားတဲ့ အချိန်လေးတွေဆို ဟာအိုဆီပြေးပြေးသွားတတ်တယ်

" ဆောင်းဟန်ဘင်း ခုလာခဲ့ ရှင်းစရာ ရှိတယ် "
ဖုန်းဆက်ပြီး ပြောချင်တာ ပြောပြီးချသွားတဲ့ ချစ်သူလေးကြောင့် ဟန်ဘင်း ရုတ်တရက်လန့်သွားတယ်
ဆောင်းဟန်ဘင်း လို့ခေါ်ရင် ဒါတော်တော် စိတ်ဆိုးလို့ပဲလေ
သူဘာလုပ်မိလည်း ပြန်စဉ်းစားလိုက်တော့
" အာ မနက်က ကိစ္စ ဟီး "

သူ့အဖြစ်ကိုမြင်ပြီး Ricky က
" ဟောင့်ကော စိတ်ဆိုးပြန်ပြီလား မင်းဘာလုပ်ထားပြန်ပြီလည်း "

" ဟဲဟဲ ဒီလိုပဲ မနက်က ငါမွှေထားတာလေးရှိလို့ "
" ချော့ပေဦးပေါ့ "
" ချော့ရမှာပေါ့ ဟာအိုလေးကို ချော့ဖို့က သမိုင်းပေးတာဝန်လေ "
ပြောပြီးတာနဲ့ လှစ်ခနဲ ထပြေးသွားတဲ့ ဟန်ဘင်းကို
Ricky ကြည့်ပြီး ခေါင်းတခါခါနဲ့ ကျန်ခဲ့တယ်
ပြေးရပြီလေ သူ့သမိုင်းပေး တာဝန်တွေ အတွက် -
———————————
" ဟာအိုလေး မောင်ရောက်ပြီ "
ဟန်ဘင်း ဟာအို့ ဆိုင်အပေါ်က သူတို့ရဲ့ ချိန်းတွေ့ရာ အခန်းလေးဆီရောက်လာပြီး sofa ပေါ်မှာနှုတ်ခမ်းစူပြီး သူ့ကို စောင့်နေတဲ့ ဟာအို့ဘေးမှာ ဝင်ထိုင်ပြီး ပခုံးလေးပေါ် ခေါင်းမှီလိုက်တယ်

Be Mine  🎈🤍Where stories live. Discover now