Part 4: My Heart will go on 🫧

387 39 0
                                    

"ဂျီအွန်းဟျောင် ရေ ..... ဟျောင်း..."
" လာပါပြီ ဟန်ဘင်းရာ ဘာတုန်း "

"ဟာ"
အခန်းထဲ အဝတ်ပုံတွေ ကြားထဲက ဟန်ဘင်းကို တွေ့ပြီး ဂျီအွန်း အံဩသွားတယ်
ဘီဒို တခုလုံးထဲက အဝတ်တွေက ကြမ်းပြင်ပေါ် အပုံလိုက် ကျပြီး တခန်းလုံး ရှုပ်ပွနေတယ်

" ဘယ်လိုဖြစ်နေတာတုန်း ဟန်ဘင်းအဝတ်တွေက ထွက်ကျကုန်တာလား "

" မဟုတ်ဖူး ဟျောင်ရဲ့ ကျွန်တော် ညနေ သွားဖို့ အဝတ်ရွေးနေတာ မရွေး တတ်တော့ဖူး ဟျောင်း ကူရွေးပေးဦး "

" အမ် ညနေ ပွဲအတွက်က ထယ်ရယ် လူလွှတ်ပြီး အဝတ်တွေ ပို့ပေးမှာဆို စောနက မင်းပြောတယ်လေ ရွေးစရာ မလိုဖူးမလား"

" ဟုတ်ဖူး ဟျောင်ရဲ့ ဟာအိုဟျောင်ဆီ makeup သွားလိမ်းရင် ဝတ်သွားဖို့ ရွေးနေတာ ဟီးဟီး "

ပြောလည်းပြော ပြောင်စပ်စပ် နဲ့ သွားဖြီးပြီး ရီပြလိုက်သေးတယ်

ဂျီအွန်း ဟျောင်လည်း သူ့ညီကို မနိုင်ဖူး ဆိုတဲ့ ပုံမျိုး နဲ့ ခေါင်းတခါခါ ကြည့်ပြီး

" ဟန်ဘင်းရယ် ရိုးရိုးပဲ ဝတ်သွားလိုက်ပါ မင်း fan တွေက ပြောတယ် မလား ဟန်ဘင်းက အဖြူရောင် tees လေးတွေ နဲ့ sky blue ဂျင်းဘောင်းဘီ ဝတ်ထားရင် အရမ်းသန့်ပြီး ချောတယ်ဆို အဲ့လိုလေးပဲ ဝတ်သွားလိုက်လေ အပေါ်က bomber jacket အမဲလေး ပဲ ဝတ်လိုက် ပေါ့ပေါ့ပါးပါးပေါ့"

" ဟာ ဟုတ်တယ်နော်အဲ့လိုလေးပဲ ဝတ်သွားမယ်
တော်လိုက်တာ ကျွန်တော့ Manager ကိုကိုက "

" ရပြီ ရပြီ မဖားနဲ့ "

" အာ့ဆို ကျွန်တော် ရေချိုးလိုက်ဦးမယ် "

" ဘယ်ချိန် ချိန်းထားတာလည်း "

" ၄ နာရီ "

" ဟမ် ခုမှ ၁ နာရီပဲရှိသေးတယ်လေ"

" စောစော ပြီးတော့လည်း စောစော သွားမယ်လေ ဟိုမှာ ဟာအိုဟျောင် နဲ့ coffee လေး ဘာလေး သောက်ရင်း သူ့ studio လည်း လျှောက်ကြည့်လို့ရတာပေါ့ ဒီနေ့ နေ့လည် ကလည်း ဘာ schedule မှမှ မရှိတာ နော် ဂျီအွန်းဟျောင် နော် " ဆိုပြီး အောက်နှုတ်ခမ်းလေး ထော်ပြီး သူ့ fan တွေကို ခြွေသလို ဂျီအွန်း ဟျောင်ကိုခြွေပြန်တယ်

Be Mine  🎈🤍Where stories live. Discover now