Part 7: First Silent kiss 💋

395 40 0
                                    

" ဟန်ဘင်း လာလေ"
သူ့ဆီလျှောက်လာတဲ့ ဟန်ဘင်းကို ဟာအို လက်လေး မြှောက်ပြီး လှမ်းခေါ်လိုက်တယ်

" ဟျောင် ပျင်းနေပြီလား sorry နော် ကျွန်တော် သီချင်း နည်းနည်း ပြန်တိုက်နေရလို့ ကြာသွားတယ်"

" ရပါတယ် မပျင်းပါဖူး "

" ကျွန်တော် သီချင်းဆိုတာ ကောင်းလား ဟျောင် "

" ကောင်းတယ် မင်းကို တော်တော် အားပေးနေကြတာနော် "
" ဟျောင်ကကျွန်တော့်ကိုလည်း ကြည့်မနေဖူး "

" နားကနားထောင်တာလေကွာ ဒီနားနှစ်ဖက်နဲ့လေ " ဆိုပြီး သူ့ နား နှစ်ဖက်ကို အုပ်ပြီး ရီပြတယ်

ရှန်ပိန် တစ်ပုလင်း လုံးတယောက်ထဲ သောက်လိုက်လို့ ထင်တယ် ဟာအို ပါးလေး နှစ်ဖက်က ရဲတွက်နေပြီး မက်မွန်သီး လေး နှစ်လုံးတင်ထားသလို မို့တက်ကာ မျက်လုံးလေးတွေက ရီဝေနေတယ်

" sorry ဟန်ဘင်းကို ရှန်ပိန် တိုက်မယ်ဆိုပြီး ကိုယ် သောက်လိုက်တာ အရှိန် လွန်သွားတယ် " ပြောရင်း ဘေးက အာလူးချောင်းကြော်ကို ကောက်ဝါးဖို့ လုပ်နေတုန်း ဟန်ဘင်းက
" အာ့ဆို ဒါကျွေး " ဆိုပြီး
ဟာအိုလက်က လုပြီး သူ့ပါးစပ်ထဲ ထည့်လိုက်တယ်

သူစားခါနီး အာလူးချောင်းကြော်ကို လုစားသွားလို့ ဟာအို ဟန်ဘင်းကို မကျေနပ်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်
ဟာအို့အကြည့်ကို ဟန်ဘင်း အသည်းယားသွားပြီး ပါးလေးကို လှမ်း ဆွဲလိုက်တော့

" အား ဘာလုပ်တာလည်း " ဆိုပြီး ဟန်ဘင်း လက်ကို ရိုက်ချလိုက်တယ်

" အသည်းယားသွားလို့ပါ ဟျောင်ရဲ့ "
"နာအောင် မလုပ်နဲ့လေ " ဆိုပြီး ရဲသွားတဲ့ သူ့ပါးလေးကို ပွတ်ကာ မျက်ရည် လေး ဝိုင်းလာတယ်
စိတ်ဆိုးလို့ နှုတ်ခမ်းလေး ထော်နေပြီး မျက်လုံး ဝိုင်းဝိုင်းလေးမှာ မျက်ရည်လေးတွေ ဝိုင်းလို့ Alcohol ဝင်ထားလို့လား သူဆွဲလိုက်လို့လား မသိပါးလေးတွေ ရဲနေတဲ့ အရှေ့က ဟာအိုလေးက အရမ်းချစ်ဖို့ကောင်းနေလို့ ဟန်ဘင်းထိုင်ပြီး ကြည့်နေမိတယ်
ဟာအိုလေးကတော့ ဟန်ဘင်း ကြည့်နေတာကို သတိမထားမိဘဲ busking ဝိုင်းကို သာကြည့်ပြီး ငြိမ်နေတယ်
သူစိတ်ကောက်နေပါတယ်ပေါ့
ဟုတ်တယ်လေ သူ့မုန့်လည်း လုစား သူ့ပါးကိုလည်း ဆွဲပြီး နာအောင် လုပ်သွားတာကို

Be Mine  🎈🤍Where stories live. Discover now