Part 17 : Can't live without you🤍

304 32 2
                                    

" မောင်"
ဟာအို အိမ်ရှေ့ တံခါးက ဝင်လာတဲ့ ဟန်ဘင်းကို တွေ့တော့ အံဩပြီး ပြေးဖက်လိုက်တယ်
ဟန်ဘင်းကတော့ လက်နှစ်ဖက်ကို ဆန့်ထားပြီး ပြေးလာတဲ့ ချစ်သူလေးကို ပြုံးကြည့်နေတယ်

" မောင် နက်ဖြန် မှပြန်ရောက်မှာ မဟုတ်ဖူးလား "
" ဟုတ်တယ် ဒါမဲ့ မနေ့ညက ပွဲပြီးတာနဲ့
မောင်တယောက်ထဲ အရင်ပြန်လာလိုက်တာ ဟာအိုလေးလည်း ဒီနေ့ ပြန်ရောက်မယ်ဆိုတော့ စောတွေ့ချင်လို့လေ "
" အားးး ချစ်လိုက်တာ " ဟာအိုပြောပြီး ဟန်ဘင်း ပါးလေးကို လှမ်းနမ်းလိုက်တယ်

" ကျန်းဟာအိုနော် လူကို အဲ့လိုလာစရဲတယ်ပေါ့ ဘာဆက်ဖြစ်မလဲ မသိဖူးလား"
ဟန်ဘင်း ပြောပြီး ဟာအို့မျက်နှာလေးကို ငုံ့ကြည့်လိုက်တယ်
" ဟင် မျက်လုံးလေးတွေက ဘာလို့ မို့ပြီး ရဲနေတာလည်း
မောင့်ကို သေချာကြည့်ပါဦး ဟာအိုလေး ငိုထားတာလား ဘာဖြစ်လို့လည်းဟင် "

" ဘာမှ မဖြစ်ပါဖူးမောင်ရယ် အိမ်ပြန်ရောက်တော့ မောင့်ကို လွမ်းသွားလို့ "

"အာ မောင့်ကို လွမ်းလို့ ငိုတာဆို မငိုနဲ့တော့
မောင်က ဟာအိုလေးနားမှာ အမြဲရှိမှာနော် ဟာအိုလေး တ လိုက်တာနဲ့ ချက်ချင်းရောက်လာမှာ ခုလိုပဲ "
ရယ်ကျဲကျဲပြောနေတဲ့ ဟန်ဘင်းကို ကြည့်ပြီး ဟာအိုလည်း ပြန်ပြုံးပြလိုက်တယ်
ကျန်တာတွေ ခဏမေ့ထားဦးမယ် ဟန်ဘင်းနဲ့ ခုမှ တွေ့ရတာ ပျော်ပျော်နေဦးမယ်

" မောင် တညလုံး တမနက်လုံး လေယာဉ်စီးလာတာ ပင်ပန်းရောပေါ့  ဗိုက်ဆာလား
ရေချိုးချင်လား
ကိုယ်မောင်စားဖို့ ပြင်ပေးမယ် "
ပြောပြီး လှည့်ထွက်သွားတဲ့ ဟာအိုလေးကို ဟန်ဘင်းက အနောက်ကနေ ခါးကို ပြန်သိုင်းဖက်လိုက်ပြီး ဂုတ်သားဖြူဖြူလေးကို နမ်းလိုက်တယ်
" အားး လွမ်းလိုက်တာ ဒီ ကိုယ်သင်းနံ့လေးကို
မောင်က တအားသတိရနေတာ သိလား "

" အင်းကိုယ်လည်းသတိရတယ်"
" ဟာအိုလေးက ရတယ်သာဆိုတယ် မောင်ကပဲ ဖုန်းဆက်နေရတယ်နော် "
" အဲ့ဒါက မောင် အလုပ်ရှုပ်နေတဲ့ အချိန် ဖြစ်မှာဆိုးလို့လေကွာ
ကလေးလား လာရစ်နေတာ "

" ကလေးပဲလေ ဟာအိုလေးရဲ့ကလေးလေး
အချစ်ကလေး "

နောက်ဘက်က နေ ခါးလေးကို သိုင်းဖက်ထားတဲ့ ဟန်ဘင်းကို ဟာအို လည်ပင်းလေးစောင်းပြီး ကြည့်ကာ " မနိုင်ဖူး " လို့ လှည့်ပြောလိုက်တယ်
သူ့ကို စောင်းကြည့်ပြီး ရှက်လို့ ထိုးလိုက်တဲ့ မျက်စောင်းလှလှလေးကြောင့် ဟန်ဘင်းလည်း အသည်းယားသွားပြီး
" မောင်ကတော့ နိုင်တယ် " ဆိုကာ ပွေ့ချီလိုက်တယ်

Be Mine  🎈🤍Where stories live. Discover now