Part 9 :Flash Back 🐼

364 37 0
                                    

လွန်ခဲ့တဲ့ ၂ နှစ် ခွဲ ဟာအို studio မဖွင့်ခင် ဂျယ်ဂျူကို အပန်းဖြေ ခရီး ထွက်လာတယ်
Coffee ကြိုက်တဲ့ ဟာအိုက ဂျယ်ဂျူ မြို့ထဲ စက်ဘီး လျှောက်စီးနေရင်း " In bloom " ဆိုတဲ့ coffee ဆိုင် လှလှလေးတွေ့တော့ ဝင်ကြည့်ဦးမယ်ဆိုပြီး coffee သောက်ဖို့ ဝင်လာလိုက်တယ်

သောက်နေကျ ice americano လေးမှာပြီး ဆိုင်ထောင့် ဝိုင်းလေးမှာ ဝင်ထိုင်ပြီး အပြင်က ရှုခင်းလေးတွေကို လျှောက်ကြည့်နေလိုက်တယ်
In bloom ဆိုတဲ့ နာမည်လေး နဲ့ လိုက်ဖက်စွာ ဆိုင်ရဲ့ အရှေ့ မျက်နှာစာ မှာ ပန်းပင်လေးတွေ က လှပစွာ ဖူးပွင့်နေကြတယ်

အဲ့ချိန် သူ့မြင်ကွင်းထဲကို ဝင်လာတာက အရပ်ရှည်ရှည် နဲ့ ကောင်လေးတစ်ယောက်
ရှပ်အင်ကျီ အဖြူလေးနဲ့ Jean ဘောင်းဘီ နက်ပြာလေးကို ရိုးရိုးပဲ ဝတ်ထားပြီး အပေါ်က အေပရွန်လေး နဲ့
ဆိုင်ရှေ့ပန်းခြံထဲက သစ်ပင်လေးတွေကို ရေပိုက်လေးနဲ့ ရေဖြန်းနေတယ်
ပန်းပင် အရင်းလေးတွေကို ရေဖြန်းပြီး ပန်းပွင့်လေးတွေကို နူးနူးညံ့ညံ့ ကြည့်ပြီး ပြုံးနေတယ်
ခဏကြာတော့ ချစ်စရာ ခွေး စုတ်ဖွား အဖြူလေးတစ်ကောင် သူ့ဆီ ပြေးလာတော့ ရေပိုက်ကို ဘေးကို ချလိုက်ပြီး ခွေးလေးကို ပွေ့လိုက်ကာ ရင်ခွင်ထဲ ညင်ညင်သာသာ လေး ပိုက်ထားလိုက်တယ်
ခွေးလေးရဲ့ သခင်ထင်ပါတယ် ခွေးဖြူလေးက သူ့လက်ထဲမှာ ငြိမ်လို့
ခဏကြာတော့ ကောင်လေးက ခွေးလေးကို ငုံနမ်းလိုက်ပြီး စကားတွေပြော ကာ ရီလိုက်တယ်
အပြုံးလေးက ချစ်စရာ ကောင်းလိုက်တာလို့ ဟာအို တွေးမိသွားတယ် မျက်နှာပေါ်မှာ ရီလိုက်တော့ cheek dimple လေး ပေါ်လာပြီး ကြောင်နှုတ်ခမ်းမွှေးလေးလို အရစ်လေးတွေ ဖြစ်လာတယ်
အဲ့လို အပြုံးမျိုးလေးကို ဟာအို မမြင်ဖူးတော့ ဖုန်းလေး ထုတ်ပြီး ဓာတ်ပုံ ရိုက်လိုက်မိတယ်

ကောင်းကင် ပြာပြာလေးအောက်မှာ ပန်းနီလှလှလေးတွေရယ် ခွေးဖြူစုတ်ဖွားလေးရယ် ကြင်နာတတ်တဲ့ အပြုံးလှလှလေးနဲ့ ကောင်လေးရယ် ပါနေတဲ့ ဖုန်းထဲက ဓာတ်ပုံလေး ကို ကြည့်ပြီး ဟာအို ပြုံးလိုက်မိတယ်

အဲ့ချိန်မှာပဲ " ဟန်ဘင်းရေ သားဖုန်းလာနေတယ် " ဆိုပြီး ကောင်တာက အန်တီရဲ့ ခေါ်သံကြားလိုက်ပြီး ဆိုင်ရှေ့က ကောင်လေးက ခွေးလေးကို ပြန်ချကာ ဆိုင်ထဲ ဝင်လာတယ်
ဟာအိုလည်း ဖုန်းထဲက ဓာတ်ပုံမှာ " My Hanbinnie " ဆိုပြီး ရေးမှတ်လိုက်တယ်
ခဏ ကြာတော့ coffee သောက်ပြီး ပြန်လာလိုက်တယ်

Be Mine  🎈🤍Where stories live. Discover now