Final : Our Blue 🩵 ***🔥

544 37 1
                                    

✨ Song Recommendation: Rewrite the stars

*****Mature content နည်းနည်းပါလို့ ကြိုသတိပေးတာပါရှင့်
🔥🔥🔥🔥

ဟန်ဘင်း အပေါ်က အုပ်မိုးပြီး ဟာအို့ နှုတ်ခမ်းလေးတွေကို နူးနူး ညံ့ညံ့လေး နမ်းရှိုက်မိတယ်

ဟာအို့ နှုတ်ခမ်းလေးတွေက ထွေးထွေးလုံးလုံးလေး ပွင့်ဖတ်လေးတွေလို နူးနူးညံ့ညံ့လေးနဲ့ ပန်းရောင်စွေးပြီး သကြားလုံးလေးတွေ ထက်ပိုချိုမြိန်တယ်
သူ့အနမ်းလေးတွေကို တတ်သလောက်ပြန် တုံ့ပြန်နေတဲ့ နှုတ်ခမ်းလွှာလေးတွေက ရေလှိုင်းလေးတွေ လာရိုက်ခတ်သလို ငြိမ့်ငြိမ့်ညောင်းညောင်းလေး
နမ်းမိလေ ပိုနမ်းချင်လေဖြစ်ပြီး အနမ်းတွေက ပို ပြင်းထန်လာတယ်
အသည်းယားပြီး စုပ်ယူမှုလေးတွေ ပါပါလာတော့ ပြွတ်ခနဲ အသံလေးတွေပါ ထွက်လာတယ်
အောက်က ဖိထားသလို ဖြစ်တာကြောင့်ရောပြင်းထန်လာတဲ့ အနမ်းတွေကြောင့်ရော ဟာအို အသက်ရှူမဝသလို ဖြစ်လာတယ်
ဒါမဲ့လည်း တားလိုတဲ့ ဆန္ဒမရှိ ဟန်ဘင်း အချစ်တွေအောက်မှာ သူပျော်ဝင်ချင်တယ်
ချစ်ခြင်း တရားတွေ ပျော်ဝင်နေတဲ့ အနမ်းတွေက ကမ္ဘာပေါ်မှာ အနူးညံ့ဆုံး ရင်အခုန်ရဆုံးဖြစ်တယ်

ဟာအိုအနေခက်လာမှန်းသိတော့ ဟန်ဘင်း အနမ်းလေးကို ခဏ ရပ်လိုက်ပြီး နှာခေါင်းလုံးလုံးလေး နှစ်ခုကို ထိကာ ပါးလေးနှစ်ဖက်ကို လက်နဲ့ အုပ်မိုးလိုက်တယ်
အသက်လေးရှိုက်ရှူနေပြီး သူ့ကို မျက်လုံးတောက်တောက်လေးတွေနဲ့ မေ့ကြည့်လာတဲ့ ဟာအိုက တအားကို ချစ်စရာကောင်းနေတယ်
အသည်းယားသွားပြီး ပါးမို့မို့လေးကို ကိုက်လိုက်တော့ " အား" လို့အော်ပြီး နှုတ်ခမ်းစူကာ မျက်မှောင်ကျုံ့ပြီး ပြန်ကြည့်လေတယ်

" တအားကို ချစ်ဖို့ကောင်းတာပဲ မောင့်အမျိုးသားလေးက ကြည့်လို့ကို မဝဖူး ငုံထားလိုက်ချင်တယ် "
ပိုရင်ကော ဆိုတဲ့ အထာနဲ့ ဟာအိုက မျက်စောင်းလေးထိုးလိုက်တော့ ဟန်ဘင်း အသည်းယားပြီး ကျန်တဲ့ မကိုက်ရသေးတဲ့ ပါးလေး တဖက်ကိုပါ ထပ်ကိုက်လိုက်တယ်
ဖြူဖြူဖွေးဖွေး နူးညံ့ပြီး အိစက်နေတဲ့ ပါးလေးနှစ်ဖက်က ကိုက်လိုက်လို့လား ရှက်နေလို့လားမသိ
ရဲရဲလေး ဖြစ်နေတယ်

Be Mine  🎈🤍Where stories live. Discover now