Epi💙11💙Unicode💙

258 11 3
                                    

မောင့်သခင် ကြင်လှည့်ပါ

အတန်ကြာအောင်ဖက်ထားပြီးမှ သူဌေးလေးကသခင်အား လွတ်လပ်ခွင့်ပေးလေသည်။

သူဌေးလေးရဲ့ ပွေ့ဖက်မူအောက်မှလွတ်မြောက်သည်နှင့် သခင်သည်စကားဆက်ပြောနိုင်တော့သည်။

"သူဌေးလေး ဒါဏ်ရာများရသွားသေးလားဟင်"

သခင့်အမေးကို သူဌေးလေးက သခင်လက်လေးနှစ်ဖက်အားအသာဆုတ်ကိုင်ကာ ပြုံးရင်းဖြေကြားလေသည်။

"မောင် ဘာမှမဖြစ်ပါဘူး"

သူဌေးလေးသည်လည်း အရမ်းဝမ်းသာနေမည်မှာအသေအချာပင်။အဘယ်ကြောင့်ဆို သူဌေးလေးချစ်ရတဲ့ သခင်ကသူဌေးလေးအားစိတ်ပူနေသည်မလား။

သခင်လည်း သူဌေးလေး၏စကားကြားမှ စိုးရိမ်စိတ်ကိုလျော့ချနိုင်တော့သည်။

သခင်သည့်ခဏက သူဌေးလေးနှင့်သူ၏အခြေအနေတစ်ရပ်အားပြန်တွေးမိသွား၍ ပါးနှစ်ဖက်ပင်နီရဲလာတော့သည်။

ထို့အတူရှက်စိတ်ကလေးနှင့် သူဌေးလေးအားတစ်ချက်ပြန်အကြည့်မှာ ဖြတ်ခနဲတွေ့လိုက်ရသည့် ဓားဒါဏ်ရာကြောင့်ရှက်စိတ်တို့ကပင်
ဘယ်ဆီသို့လွင့်ပျယ်သွားသည်မသိတော့ချေ။

ထိုရှက်စိတ်လေးအစာ သခင်စိတ်ထဲတွင်စိုးရိမ်မူတို့ကတစ်ဖန်ပြန်လည်နေရာယူလာခဲ့သည်။

သခင် သူဌေးလေးလက်မောင်းကဓားဒါဏ်ရာကြောင့် စိုးရိမ်ပြီးအသက်ရူသံတို့ကပင်မူမမှန်ဖြစ်လာခဲ့ရသည်။

ဤသည်ကသူဌေးလေးကလည်း သတိထားမိသည်ထင် သူ၏လက်မောင်းဆီသို့ သခင်နှင့်အတူငုံ့ကြည့်လိုက်မိသည်။

သူဌေးလေးသည် သူ့လက်မောင်းမှသွေးစတို့ကိုမြင်လေမှ ဓားဒါဏ်ရာကိုသတိရလေတော့သည်။

သူဌေးလေးသည် သခင့်အားတစ်လှည့်၊ဓားဒါဏ်ရာအားတစ်လှည့်ကြည့်ကာပြုံးနေမိသည်။ အကြောင်းကတော့ သခင့်အားကာကွယ်၍ဤဒါဏ်ရာရလာခဲ့သည်။ ပြီးတော့ ဒီဒါဏ်ရာကြောင့်သခင့်ရဲ့ သူ့အားစိတ်ပူနေသည့်မျက်နှာလေးအားမြင်ခွင့်ရခဲ့သည်မလား။

"သူ...သူဌေးလေး အရမ်းနာနေလားဟင်"

သခင်က သူဌေးလေးရဲ့ဘယ်ဘက်လက်မောင်းမှ ဒါဏ်ရာအားဖွဖွကလေးထိကာ စိုးရိမ်စွာမေးလိုက်မိသည်။သခင့်မျက်လုံးများကလည်း လက်မောင်းကဒါဏ်ရာဆီမှကိုမခွာပေ။

မောင့်သခင် ကြင်လှည့်ပါ 💙Ongoing💙Where stories live. Discover now