6.2K 188 9
                                    

Unicode

အမေဟာ ပုစဉ်းရင်ကွဲလေးတွေရဲ့ အမြီးကို ချိုးပြီး တုတ်ထိုးဆော့ခဲ့တဲ့ အကျိုးဆက်ရဲ့၀ဍ်တွေကိုများ လည်လေသလား...။
- ဒေါ်သင်းမြညို

အပိုင်း-၁

" မမိစံရယ် မြညိုကို ကယ်ပါဦး
မြညို ဒီဗိုက်ကြီးနဲ့ ဘယ်လိုဆက်လုပ်ရမလဲ "

"ဪဟဲ့ ဘယ်လိုလုပ်ရမလဲ
ထွန်းရှိန်ကို တာဝန်ယူခိုင်းရမှာပေါ့ "

" ဒါပေမယ့် ကိုထွန်းရှိန်က ရန်ကုန်မှာ ကျောင်းတတ်နေတုန်းလေ "

" ဟယ် သူ့အမေကြီးဆီ သွားရမှာပေါ့
နင်မသွားရဲဘူးလို့တော့ မပြောနဲ့နော် "

" မြညိုတို့ကို သဘောမတူတာကို မမိစံလည်း သိရဲ့သားနဲ့ "

" နင်အစတည်းက ကြိုတွေးခဲ့ပါလား "

" မြညိုကို အကြံပေးပါဦးနော် "

" ငါပြောမယ် ထွန်းရှိန်ကလည်း ပြန်မလာ သူ့အိမ်ကလည်း နင့်ကို လက်မခံမယ့်တူတူ ဘာလုပ်မလဲ ဖျက်ချလိုက် ရွာတောင်ပိုင်းမှာ အဲ့လို လိုက်လုပ်ပေးတဲ့ လက်သည်အဖွားတစ်ယောက်ရှိတယ် "

" လူတွေ သိကုန်မှဖြင့် မမိစံရယ် ဖြစ်ပါ့မလား "

" အို ဖြစ်တယ် ဖြစ်တယ်
ညည်းသာ စိတ်သေချာဆုံးဖြတ်
တကယ် လုပ်မှာလား "

ထိုစဉ် အိမ်ပေါ်သို့ မြညိုမိခင်ဖြစ်သူ ပြေးတက်လာသည်။

" ဟိတ် နင်တို့ နှစ်ယောက်လုံး မလှုပ်ကြနဲ့ ရှိတာ အကုန်ထုတ်စမ်း "

ထိုအခါမှ မြညိုလည်း မမိစံကို ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်တော့သည်။

ဒီလိုဖြင့် ညဉ့်ကြီးအချိန်မတော် ရွာလယ်က သင်္ချိုင်းကို ဖြတ်ကာ တောင်ပိုင်းသို့ ကူးဖို့ ဖြစ်လာခဲ့တော့သည်။

" မြညို မြန်မြန်လျှောက်ကြစို့ ကျောချမ်းရတဲ့ကြားတည်း လေစိမ်းတွေ တိုက်ရတိုက်နဲ့ "

သူတို့နှစ်ဦးစလုံး ရွာ‌တောင်ပိုင်းအဝင်သို့ ရောက်တော့
လမ်းတစ်လျှောက်လုံး အိမ်မီးတွေ လင်း‌ထိန်နေကြသည်ကိုတွေ့လိုက်ရသည်။

" အမလေး! "

နှစ်ယောက်လုံးဆီမှ အော်သံ အပြိုင်ထွက်လာကြသည်။ အကြောင်းရင်းမှာ သူတို့နှစ်ဦးစလုံး၏ ပုခုံးထက်သို့ လက်ဖြင့် အပုတ်ခံလိုက်ရသောကြောင့်ဖြစ်သည်။

Dear's doorWhere stories live. Discover now