1K 99 2
                                    

Unicode

ဘဝထဲကို လူအမျိုးမျိုး ဝင်လာမယ်....
ပြီးရင် ပြန်ထွက်သွားကြလိမ့်မယ်။
-‌ဒိုးအလင်္ကာမုဏ်း

အပိုင်း-၄

" အလှမယ်ဟောင်းတစ်ဦးဖြစ်တဲ့ ‌ဒေါ်ဂန္ဓမာမုန်းအား သက်ဆိုင်ရာမှ ဖမ်းဆီး အရေးယူထားတယ်လို့ သိရှိရပါတယ်၊ တိုင်ကြားသူကတော့ မိသားစုဝင်တစ်ယောက်ဖြစ်တယ်လို့ ကြားသိရပြီး... "

နားကျပ်တစ်ဖက်အား ဦးထွန်းရှိန် ဖြုတ်ယူလိုက်သည်။

" သား...သတင်းတွေ နားထောင်နေပြန်ပြီလား "

ဒိုး ဖုန်းကို ပိတ်ပြီး ကျန်နားကျပ်တစ်ဖက်ကို
ဖြုတ်လိုက်သည်။

" မဟုတ်ပါဘူး အန်ကယ် "

ဒိုးပြောသည့်အတိုင်းဘဲ ဦးထွန်းရှိန် လက်ခံပေးလိုက်တော့သည်။

" အန်ကယ် စကားခဏပြောချင်တယ် သား "

" ဟုတ်ကဲ့ အန်ကယ် "

" သား... ညီလေးတစ်ယောက်လောက် မလိုချင်ဘူးလား "

ထိုစကားကို ကြားရင် ဒိုး ကြောင်သွားမည်မှန်း
ဦးထွန်းရှိန် ခန့်မှန်းပြီးသားဖြစ်သည်။

" အန်ကယ်ပြောဖူးတယ်မလား အန်ကယ့်မှာ သားမေမေနဲ့ အိမ်ထောင်မကျခင်တုန်းက တစ်ဦးတည်းသော ငယ်ချစ်ဦးကြီး ရှိတယ်ဆိုတာလေ မှတ်မိလား သား "

" ဟုတ်ကဲ့ အန်ကယ် ကျွန်တော် မှတ်မိပါတယ် "

" အန်ကယ် ရွာက ထွက်လာတဲ့အချိန် သူ့မှာ ကိုယ်ဝန်ကြီးနဲ့ ကျန်ခဲ့တာ အန်ကယ် မနေ့ကမှ သိလိုက်ရတယ် သား "

ဒိုးရဲ့ မျက်နှာအနေအထားကို ကြည့်ပြီး
ဒီလောက်ဆို သဘောပေါက်လောက်ပြီမှန်း
ဦးထွန်းရှိန် မှတ်ယူလိုက်သည်။

" အန်ကယ့်သားလေးက သားထက် ငါးနှစ်ဘဲ ငယ်တာ သိလား
သား အကိုကြီး ဖြစ်ချင်တယ်လို့ အန်ကယ့်ကို ပြောဖူးတာ ဟုတ်တယ်မလား "

ဒိုးရဲ့ကျောထက်သို့ ဦးထွန်းရှိန်လက်က ညင်သာစွာ
ကျရောက်လာပြီး ဖြည်းညှင်းစွာ ပွတ်သပ်ပေးရင်း
တွေဝေနေဆဲ လင်္ကာကို ပြောလာသည်။

" သားသူ့ကို သိပါတယ် မနေ့ကတောင် အန်ကယ့်ဖိနပ် ပေးလိုက်သေးတယ်ဆို "

Dear's doorWhere stories live. Discover now