အပိုင်း-၁၂
အတွင်းဘက်ကို ဖောက်မမြင်နိုင်တဲ့ မှောင်မဲနေတဲ့ ကားတစ်စင်းက ကွန်ဒိုတစ်ခုရဲ့ ကားပါကင်မှာ ရပ်သွားသည်။
ကားနောက်ခန်းမှာ အိပ်ပျော်နေတဲ့ ကလေးနှစ်ယောက်ကို တစ်ဖက်စီ ပွေ့ချီဖို့ ကြံလိုက်ချိန်မှာဘဲ အကြီးလေးက နိုးလာသည်။
ဒေး ဖွင့်ထားတဲ့ ကားတံခါးကနေတစ်ဆင့် မြင်ရတဲ့ ပတ်ဝန်းကျင်ကို ကြည့်ပြီး ဦးလေးကြီးကို ကြည့်လိုက်သည်။
" ဦးလေးကြီး ဒါသားတို့အိမ် မဟုတ်ဘူးလေ
ဘယ်ခေါ်လာတာလဲ "" သားတို့မေမေက ကိစ္စလေးရှိလို့
အန်ကယ့်ကို ဒီတစ်ည အတူခေါ်ထားပေးပါ
သူ မနက်ကျ လာခေါ်ပါ့မယ်တဲ့ "" ဒါဆို ဦးလေးကြီးက အမေနဲ့ အတူမနေဘူးလား "
ဦးထွန်းရှိန်ကို ချောင်ပိတ်စေတဲ့ မေးခွန်းဖြစ်သည်။
" အန်ကယ်က အခုတော့ မနေဖြစ်သေးဘူး... "
ထိုစဉ် ဒိုးနိုးလာသည်။
" ကိုကို ရောက်ပြီလားဟင် "
" အွန်း ရောက်ပြီနော် "
ဦးထွန်းရှိန် ချီပြီး အောက်ချပေးဖို့ လုပ်တဲ့ အချိန်မှာ
အကြီးလေးက တားလာသည်။" ရတယ် ဦးလေးကြီး၊ ညီညီ သူ့ဘာသာ ဆင်းလိမ့်မယ် "
အငယ်လေး အိပ်မှုန်စုံမွှားဖြင့် မျက်လုံးကို ပွတ်သပ်လို့ပြီးသည်အထိ အကြီးလေး စောင့်နေသည်ကို
ဦးထွန်းရှိန်ပါ စောင့်နေရသည်။အငယ်လေးက ဆင်းလာပြီးတော့ အကြီးလေးကို
လက်ကမ်းပေးလိုက်သည်။ ထို့နောက် လက်မလွှတ်ကြတော့ဘဲ ဦးထွန်းရှိန်နောက်က လိုက်လာကြသည်။ကလေးနှစ်ယောက်က ဧည့်ခန်းမှာ မထိုင်ဘဲ
လက်လေးတွေ ကိုင်ပြီး ဒီတိုင်း ရပ်နေကြလေသည်။" သားတို့ မုန့်စားမလား "
" ညီညီ မုန့်စားချင်လား "
အငယ်လေးက ခေါင်းခါပြသည်။
" တော်ပြီ ဦးလေးကြီး "
" ဒါဆို အိပ်ကြတော့မလား "
အကြီးလေးက အငယ်လေးကို ကြည့်လိုက်သည်။