935 90 2
                                    

Unicode

နောက်တစ်ပတ်နေရင် ကျောင်းတက်ရတော့မယ်။
ကျောင်းအပ်တဲ့ကိစ္စတွေ လိုက်လုပ်ရတာ ပင်ပန်းပေမယ့် သူ့ထက် ပိုပင်ပန်းတာက အဖေဖြစ်နေတယ်။
ကုမ္ပဏီကိုလည်း သွားရသေးတယ်၊ သူ့ကိစ္စတွေလည်း လိုက်လုပ်ပေးရတယ်။

အကိုကလည်း ကျောင်းသွားတော့
တစ်ယောက်တည်း ခြံဝန်းထဲ လမ်းလျှောက်ထွက်လိုက်၊ တီဗွီကြည့်လိုက်၊ စာအုပ်ဖတ်လိုက်ဖြင့် ပျင်းနေမိသည်။

ညနေရောက်တော့ အဖေ့ကို ဖုန်းဆက်ပြီး လမ်းလျှောက်ထွက်ချင်တဲ့အကြောင်း ပြောလိုက်တော့ အကြာကြီး လျှောက်မသွားနဲ့ဆိုကာ ခွင့်ပြုပေးသည်။

လမ်းထဲမှာ အိမ်ကြီးတွေက လွဲ၍ ဘာမျှ မရှိပေ။
အိမ်ရာဝန်းကြီးထဲမှာတော့ ဈေးဝယ်ဖို့ လွယ်ကူပြီး
အပြင်မထွက်ရအောင် ဆောက်ပေးထားတဲ့ city mall နှင့် ဆိုင်အချို့တော့ ရှိသည်။

ချစ်သော city mallထဲ ခဏ ပတ်ကြည့်ပြီး ပြန်ထွက်လာလိုက်သည်။ စက်ဘီးထားတဲ့နေရာနားရောက်တော့ အန်တီကြီးတစ်ယောက်က တုံ့နှေးနှေးဖြင့် စက်ဘီးကို တွန်းလာသည်။ ချစ်သော ကြည့်နေတုန်းမှာဘဲ အန်တီကြီးက သူ့ရင်ဘတ်ကို ဖိပြီး လဲကျသွားလေသည်။ ချစ်သောအမြန်ပြေးသွားလိုက်ပြီး
မြင်တဲ့သူတွေကလည်း ဝိုင်းအုံလာကြသည်။

" ဘာဖြစ်တာလဲ "

ရင်းနှီးနေတဲ့ တိုးညှင်းတဲ့အသံက သူ့နောက်ကနေ ထွက်ပေါ်လာသည်။ အသံက ကြားနေကျထက်
အနည်းငယ် ကျယ်နေသည်။

" အကို... "

ဒိုး အမြန်ဒူးထောက်ထိုင်လိုက်ပြီး
အန်တီကြီးရဲ့ ပုခုံးကို လှုပ်ယမ်းလိုက်သည်။

" အန်တီ အဆင်ပြေရဲ့လား ...
အန်တီ... ကျွန်တော်ပြောတာ ကြားရလားဗျ
တစ်ယောက်လောက် ဆေးရုံကား‌ ခေါ်ပေးကြပါ "

အန်တီကြီးရဲ့ လည်ပင်းတစ်ဝိုက်မှာ
နီရဲနေတာကို ဒိုးသတိထားမိသွားပြီး
အန်တီကြီးရဲ့ အိတ်ကို ဆွဲယူပြီး အကုန်မှောက်ချလိုက်သည်။ ထို့နောက် အထဲကနေ ထွက်လာတဲ့
လုံးပတ်ဝိုင်းပြီး ရှည်တဲ့ ဘူးဖြင့် အန်တီကြီး၏ ရင်ဝတည့်တည့်သို့ ထုချလိုက်သည်။ လေလမ်းကြောင်း ပွင့်သွားသလိုမျိုး အရှိုက်ဖြင့် အသက်ရှူလိုက်သလို အသံထွက်လာပြီးနောက် သတိပြန်လည်လာသည်။
ဘူးထဲကနေ အပြားတစ်ပြားထုတ်ပြီး အန်တီကြီး၏
လျှာအောက်ထဲသို့ ထည့်ပေးလိုက်သည်။

Dear's doorWhere stories live. Discover now