1.2K 109 1
                                    

Unicode

အဖေက အမေ့ကို သူများနဲ့ မတူအောင်
သင်းသင်းလို့ ခေါ်တယ်တဲ့။
-မှူးသက်ဦးညံ

အပိုင်း-၃

" အဲ့တော့ အဲ့ကလေးကြောင့် ဒီကို ပြန်လာတာပေါ့ ဟုတ်လား "

ဦးထွန်းရှိန် ခက်ခက်ခဲခဲ အရှိန်ယူကာ သက်ပြင်းချလိုက်သည်။

" ဟုတ်တယ် မေမေ ဒိုးကို စိတ်ပြေလက်ပျောက်ဖြစ်မလားလို့ ဒီခေါ်လာတာ "

" ဪ... ကလေးခမျာလည်း တော်တော် စိတ်ဒဏ်ရာ ရရောပေါ့၊ ဒါပေမယ့် ထွန်းရှိန် နင်တခြားနေရာ သွားလို့မရဘူးလား
ဒီကို တော်တော်ပြန်လာချင်နေဟုတ်လား "

" မဟုတ်ပါဘူး မေမေရယ်
ကလေး စိတ်ပြေလက်ပျောက်ဖြစ်အောင်လို့ပါ "

" အေး ယုံတယ် အရမ်းယုံတယ် "

" မေမေကလည်း.... ဒါနဲ့ သင်းသင်းရော အိမ်ထောင်ကျသွားပြီလားဟင် "

" အေးဟေ့ ကလေးတောင် ကြီးနေပြီ "

ဦးထွန်းရှိန်တစ်ယောက် သူ့အမေစကားကို အတည်ထင်ကာ မှိုင်တွေ သွား‌ရသည်။ ဆယ်စုနှစ်တစ်ခု‌ကျော်ကြာမှ ဒီကို ပြန်လာခဲ့နိုင်တာကို သူဘာတွေများ မျှော်လင့်ခွင့်ရှိလို့လဲ။

" ကျွန်တော် ရွာထဲ ခဏသွားလိုက်ဦးမယ်... "

" နင့်အဆက်ဟောင်းဆီမလား သွားမနေနဲ့ မရှိတာကြာပေါ့ "

ဦးထွန်းရှိန် အောက်ဆင်းတော့ လှေကားမှာ သူ့ဖိနပ်ရှိမနေတော့ဘဲ ဒိုးရဲ့ဖိနပ်‌တစ်ရံသာ ရှိတော့သည်ကို တွေ့လိုက်ရသည်။

" မေမေ့ အိမ်မှာ အကောင်မွေးထားသေးလား "

" ဘာအကောင်မှ မမွေးထားဘူး "

" တောက်! ဘယ်ခွေးဆွဲသွားတာလဲကွာ "

ဒီလိုဖြင့် ဦးထွန်းရှိန်တစ်ယောက် သော့ခတ်ထားသည့် ခြံလေးရှေ့သို့ ရောက်လာခဲ့လေသည်။

"သင်းသင်း ကိုယ် သတ္တိမရှိခဲ့တာကို ခွင့်လွှတ်ပါကွာ"

" ဦးထွန်းရှိန်လား "

ဦးထွန်းရှိန် အသံလာရာကို ကြည့်လိုက်သည်။
ပုပုသေးသေး ကောင်ကလေး၊ သူ့ဖိနပ်ကိုပါ စီးထားသေးသည်။ ဒါဘယ်အိမ်က ခွေးကောင်လေးပါလိမ့်။

Dear's doorWhere stories live. Discover now