၁၅

598 42 2
                                    

Unicode

Dreamy House: Cafe shop

‌ဆိုင်ထဲသို့ ကောင်မလေး သုံးယောက်ဝင်လာကြသည်။ ကောင်တာသို့ သုံးယောက်လုံး ရောက်လာကြပြီး အစားအသောက်မှာဖို့ထက် တစ်ခုခုကို ရှာဖွေချင်နေသလိုပင်။

" မင်္ဂလာပါ ခင်ဗျ ဘာလေး မှာယူသုံးဆောင်ချင်ပါသလဲ "

" Iced Americano နှစ်ခွက်၊ Green tea matcha တစ်ခွက်ရယ် ပြီးတော့... Black forest နဲ့ Cheese cake တစ်ခုစီ ပေးပါ "

" ဟုတ်ကဲ့ နံပါတ်ပြားလေး ယူသွားပေးပါဗျ "

ငွေရှင်းပြီးတော့ မုန့်မှာတဲ့ ကောင်မလေးကဘဲ ဦးဆောင်ပြီး ထောင့်ကျတဲ့နေရာက စားပွဲဆီ ‌ခေါ်သွားသည်။ အတိအကျပြောရရင် ထိုနေရာက အစားအသောက်ကောင်တာအတွင်းထိကို ပြတ်ပြတ်သားသား မြင်နေရလေသည်။ အစက တည်နေသည့် မျက်နှာတွေကလည်း အခုတော့ ပြီတီတီနဲ့ စပ်ဖြီးဖြီးရုပ်တွေ ဖြစ်ကုန်ကြပြီး ကောင်တာဘက်ကို ကြည့်လိုက် ပိုက်ကို ကိုက်လိုက် လုပ်နေကြသည်။

ထိုကောင်မလေးအုပ်စုက တစ်ရက်ခြားတစ်ခါ ရောက်လာတတ်ကြပြီး အကြောင်းအရင်းကတော့ ဆိုင်က ဝန်ထမ်းကောင်လေးတွေကြောင့်ဖြစ်သည်။
မိန်းကလေး ဝန်ထမ်းပါ ခေါ်ထားသော်လည်း
လာလျှောက်သူအကုန် ယောင်္ကျားလေးတွေသာ ဖြစ်သည့်အတွက် တစ်ဆိုင်လုံး ယောင်္ကျားလေးတွေသာ ဖြစ်သွားရသည်။ ဆိုင်ဖွင့်တာ မကြာသေးသော်လည်း ဝန်ထမ်းတွေထဲက တစ်ယောက်က Online influencer တစ်ယောက် ဖြစ်တာကြောင့် သူ့ဖန်တွေက လိုက်လာကြပြီး လိုင်းပေါ်တင်ကြရင်း နာမည်ကြီးသွားလေသည်။ ဆိုတော့ကာ ဧည့်သည်အများစုက သူ့ဖန်တွေနဲ့ ဆိုင်က ကောင်လေးတွေ ရုပ်ချောလို့ဆိုပြီး ရောက်လာကြတဲ့ မိန်းကလေးတွေသာဖြစ်သည်။

" ကိုကို ဒီကို ကြည့်ပါဦး "

အသံကြားလိုက်တဲ့ သူတိုင်းက
အသံပိုင်ရှင်ရှိရာဆီ အကြည့်များ အလိုအလျောက်
ရောက်ကုန်ကြသည်။

Influencer ကောင်လေးက သူ့အလုပ်သူ လုပ်နေပြီး
အသံပိုင်ရှင် မိန်းကလေး‌ကတော့ ကောင်တာရှေ့
မုန့်မှာဖို့ တန်းစီရတဲ့နေရာမှာ ဖုန်းကို မြှောက်ကာ
ဓာတ်ပုံရိုက်တာလိုလို ဗီဒီယို ရိုက်တာလိုလို လုပ်နေသည်။

Dear's doorWhere stories live. Discover now