၁၇

607 28 3
                                    

Unicode

အလုပ်နားခံလိုက်ရပြီးတည်းက နေချင်သလိုနေပြီး
အတိုးချအိပ်နေတာကြောင့် အလွယ်တကူ အကျင့်ပျက်သွားပြီး သူများအိမ်ရောက်နေတာတောင် အလိုက်မသိစွာ သူနောက်ကျမှ နိုးလာခဲ့တယ်။

" ဪ နိုးပြီလား
အကိုတောင် ဆိုင်သွားတော့မလို့ လာနှိုးတော့မလို့ "

" အိပ်ယာအသစ်ဆိုတော့ ညက အိပ်မပျော်ဘူးဖြစ်သွားတယ် "

"သော့ကတ်ထားခဲ့ပေးမှာမလို့ အိပ်ရေးမဝသေးရင် ဆက်အိပ်နေလေ "

" တော်ပါပြီ အကိုက အခုသွားတော့မှာလား
ကျွန်တော်လည်း လိုက်ခဲ့မလို့ တစ်ခါတည်း "

" အိမ်မပြန်တော့ဘူးလား "

" ငြိုငြင်နေတာပဲ "

" မေးကြည့်တာပါ သက်ဦးရာ လိုက်လိုက် စောင့်ပေးမယ်
မနက်စာ ပြင်ပေးထားတယ် အရင်သွားစား "

" လန်းလှချည်လား အိမ်မှာလည်း နေခိုင်းတယ် မနက်စာပါ ပြင်ပေးသေးတယ် "

ချစ်သော ပန်းကန်ကို ဧည့်ခန်းထဲ ယူလာလိုက်ပြီး
ဆိုဖာမှာ ထိုင်လိုက်သည်။

" သက်ဦး ဘယ်လိုဖြစ်လို့ ဒီမှာ လာစားတာလဲ
ခုံမှာ တင်စားလေ ကလေးလည်း မဟုတ်ဘူး "

ဒိုး အဲ့လိုပြောတော့ ချစ်သော ပါးစပ်ပေါက်နား ရောက်နေသည့်ဇွန်းကို ချပြီး ပြောလိုက်သည်။

" အကိုကလည်း... အကိုနဲ့ စကားပြောမလို့ ယူလာဝာာဗျ "

" သွားသွား ခုံနဲ့ သွားစား တူတူထိုင်ပေးမယ် "

ချစ်သော သူ့ကိုယ်သူ အလိုလိုက်ခံရတဲ့ ကလေးတစ်ယောက်လို့ထင်မှတ်မိသွားသည်။

" ကြက်ဥက ပေါ့လိုက်တာ "

အကိုပြင်ပေးထားတဲ့ အမေရိကန်ပုံစံ မနက်စာကို
စားရင်း ပြောလိုက်သည်။

" အွန်း ဆားမထည့်ထားဘူးလေ "

" ဟာ ကြက်ဥက ဆားထည့်မှ အရသာရှိမှာပေါ့
အကို ဟင်းရော ချက်တတ်ရဲ့လား "

" သက်ဦး...အကို တစ်ယောက်တည်း နေရတာကို ဟင်းမချက်တတ်ဘဲနေမလား၊ ပြီးတော့ အစားအစာဆိုတာ အရသာရှိဖို့ထက် အာဟာရရှိဖို့က ပိုအရေးကြီးတာနော် ကြက်ဥမှာ သူ့ဟာနဲ့သူ ပရိုတင်းဓာတ်ပါပြီးသား၊ အမှန်ဆို မင်းကို ကြက်ဥဘဲ ပြုတ်ပေးထားသင့်တာ ဆီကြော်စားတာတောင် လွန်နေပြီ အငန်လည်း လျှော့စား ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုးဖြစ်မယ် "

You've reached the end of published parts.

⏰ Last updated: Apr 07 ⏰

Add this story to your Library to get notified about new parts!

Dear's doorWhere stories live. Discover now