၁၃

676 66 0
                                    

Unicode

ကလေးတချို့အတွက် ညဘက်တွေမှာ
အိပ်ပျော်နိုင်ဖို့ဆိုတာက ခဲယဉ်းတဲ့ အရာတစ်ခုပဲ။
-ဒေးသက္ကရာဇ်မုဏ်း

ကလင် ကလင် ကလင်။

စားပွဲတင်ဖုန်းကနေ မြည်သံထွက်လာသည်။

" ဟယ်လို "

" ဒေး ရုံးခန်းထဲ လာခဲ့ပါဦး "

ဒေါက်၊ ဒေါက်၊ ဒေါက်။

ဝတ္တရားအရ တံခါးခေါက်ပြီးသည့်နောက်မှာ
ရုံးခန်းထဲသို့ ဝင်လာလိုက်သည်။

အမှုဆောင်ဒါရိုက်တာရဲ့ အလုပ်ခုံရှေ့တည့်တည့် 
မျက်နှာချင်းဆိုင်ခုံမှာ သူထိုင်လိုက်သည်။

" ဒိုးနဲ့ မတွေ့ရသေးဘူးမလား 
သွားတွေ့လိုက်ဦး "

" ဘာဖြစ်လို့လဲ ဦးလေးကြီး "

" ဒိုး သူ့အလုပ်ကို ပစ်ပြီး ဒီကို ပြန်လာတာ 
ဆရာဝန်ဆက်မလုပ်တော့ဘူးတဲ့ 
အဲ့တာ ဘာဆက်လုပ်မယ်ဆိုတာလည်း မသိရဘူး "

" ဟိုမှာ တစ်ခုခုဖြစ်လာလို့များလား
အကယ်၍ ဟိုမှာ မလုပ်ချင်ဘူးဆိုရင်တောင်
ဒီက ဆေးရုံမှာ လုပ်လို့ရတာပဲလေ "

" အဲ့တာကို အန်ကယ် သူ့ကို ပြောတယ်
သူက ဟင့်အင်း မလုပ်တော့ဘူးချည်းပဲ ပြောတာ "

" ဦးလေးကြီးက ကျွန်တော့်ကို နားချစေချင်တာလား ကျွန်တော်တို့ကြား ဆက်ဆံရေးကျဲနေတယ်ဆိုတာကို‌ မေ့နေတာတော့ မဟုတ်ပါဘူးနော် "

" မဟုတ်ဘူး...ဒီတိုင်း စကားသွားပြောခိုင်းတာ
ပြန်အဆင်ပြေအောင် လုပ်ခိုင်းနေတာ
သူအလုပ် လုပ်တာ မလုပ်တာကိစ္စက ထားလိုက်တော့၊ အချိန်တစ်ခုထိ စောင့်ကြည့်ပြီး ဘာမှ ဖြစ်မလာမှ ကုမ္ပဏီထဲ သွင်းလိုက်မယ် "

"...."

" သဘောပေါက်လား ဒေး
ညီအစ်ကိုတောင်မှ အမြွှာတွေနော် 
ဒီတိုင်းဘဲ နေသွားလို့မရဘူး
သားက အမေနဲ့ အနီးကပ်ရှိခဲ့တဲ့သူမို့ ဘယ်ကိစ္စက ဘယ်လိုရှိတယ်ဆိုတာလည်း သိတယ် အခြေအနေအကုန်လည်း သဘောပေါက်တယ် ဒါပေမယ့် ဒိုးက... သူဘာဆိုဘာမှ မသိဘူးလေ ဟုတ်တယ်မလား "

ဒီအကြောင်းပြောသည့်အချိန်တိုင်း
အတွေးတွေထဲ သူနစ်ဝင်သွားတတ်သည်။
အဲ့ချိန်တုန်းက သူသာ ဒိုးနဲ့အတူ နေဖို့ ဆုံးဖြတ်လိုက်ရင် တစ်ခုခုက ပြောင်းလဲသွားလောက်မလား။

Dear's doorWhere stories live. Discover now