၁၄

617 47 2
                                    

Unicode

ခြံကျယ်ကြီးရဲ့ အလယ်မှာ လူနှစ်ယောက် ရပ်နေကြသည်။ သူတို့ဘေးမှာ ဝှီးလ်ချဲတစ်လုံးလည်း ရှိသည်။

" ကုမ္ပဏီမှာ အဆင်ပြေလား "

" ပြေပါတယ် ဖိုး "

ထိုမေးခွန်းအား နေ့တိုင်း ထပ်ခါထပ်ခါ မေးခံနေရပြီး
သူကလည်း နေ့စဉ် အဖြေပြန်ပေးမိသည်။

" မောင်ထွန်းရှိန်တည်နဲ့ ဖုန်းပြောဖြစ်တယ်
ညီလေး ပြန်ရောက်နေတယ်ဆို၊ ကြာပြီလား "

" တစ်လလောက်တော့ ရှိမယ်ထင်တယ် ဖိုး
သားလည်း သေချာမသိဘူး "

" မင်းကို မဆက်သွယ်ဘူးလား "

ဒေး ခေါင်းခါလိုက်သည်။

" သား မနေ့ကတော့ သွားတွေ့လိုက်တယ် "

" ဟုတ်သလား ကြည်ကြည်ဖြူဖြူပဲလား "

ဦးမင်းမြိုးမြက် ဒေးမျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး ထပ်ပြောသည်။

" စိတ်ဆိုးနေတုန်းပဲလား "

" ဟုတ်တယ်... "

" ပြောပြလိုက်လေ အကုန် "

မြေးဖြစ်သူမျက်နှာကို ထပ်အကဲခတ်ပြန်သည်။

" လျှို့ဝှက်ထားသင့်တဲ့ ကိစ္စမှ မဟုတ်တာ ဒေး "

" ဒါပေမယ့် သားကြောက်တယ် "

" ဘာကိုလဲ "

" လက်မခံနိုင်မှာ...အမှန်တရားကို လက်မခံနိုင်မှာကို... "

" မင်းတို့ ဒီနှစ်ဆို အသက်ဘယ်လောက်လဲ "

" နှစ်ဆယ့်ရှစ် "

" အွန်း လူကြီးတစ်ယောက်ရဲ့ အသက်အရွယ်ရောက်နေပြီ ဟုတ်တယ်မလား "

" ဟုတ် ဖိုး "

" ဒေးကရော ကိုယ့်ကိုယ်ကို လူကြီးလို့ သတ်မှတ်ထားပြီးပြီလား "

" ဟုတ် "

" သေချာလား "

" သေချာပါတယ် ဖိုး "

" ဒါဆို ဖိုးကို ပြောပါဦး
လူကြီးဖြစ်လာရခြင်းရဲ့ အဓိပ္ပာယ်ကို "

" လူကြီးတစ်ယောက်ဖြစ်လာတယ်ဆိုတာ အမှီအခိုကင်းပြီး ကိုယ့်ခြေထောက်ပေါ် ရပ်တည်လာနိုင်ပြီဆိုတဲ့ သဘောပဲ၊ ဘာကိုမှ မကြောက်ရွံ့ဘဲ အရာရာကို ရင်ဆိုင်ရဲရမယ် "

Dear's doorWhere stories live. Discover now