814 87 4
                                    

Unicode

၈နှစ်ကြာပြီးနောက်။

ကလင် ကလင် ကလင်။
ဆေးကောင်တာထက်ရှိ ဖုန်းမှ အသံမြည်လာသည်။

" ဟယ်လို "

" ကုတင်နံပါတ် 37 က လူနာက အိမ်ပြန်မယ် အတင်းလုပ်နေလို့ လာထိန်းပေးပါဦး "

ချစ်သော ဖုန်းချပြီးတာနဲ့ သူနာပြုတချို့ ခေါ်ပြီး
ထွက်လာလိုက်သည်။ လူနာအခန်းရှေ့ရောက်တော့
ပစ္စည်းပစ်ပေါက်သံနှင့် အော်ဟစ်သံတွေက ဆူညံနေပြီး ၀ရုန်းသုန်းကားဖြစ်နေကြတာကြောင့်
လူနာက စိတ်လွတ်နေပြီမှန်း သိလိုက်သည်။

" လုံခြုံရေးတွေ သွားခေါ်လိုက်
စိတ်ငြိမ်ဆေးရော ယူခဲ့ပေး "

ဘေးက သူနာပြုကို တိုးတိုးလေး ကပ်ပြောလိုက်ပြီး
လူနာနားကို တိုးသွားလိုက်သည်။

" ငါအိမ်ပြန်မယ် ! အိမ်ပြန်မယ် !
နင်တို့ ငါ့ကို ဒီမှာ ချုပ်ထားလို့ မရဘူး ! "

လူနာက သူ့ကိုမြင်‌တာနဲ့ အတင်း တွန်းဖယ်ပြီး
အခန်းပြင်ကို ပြေးထွက်သွားသည်။ ဆေးကောင်တာနား‌ ရောက်တော့ သူနာပြုက ယူခိုင်းတာကို ယူလာသည်။ ချစ်သော ဆေးထိုးအပ် ယူလိုက်တာကို ‌တွေ့တော့ လူနာက တဟုန်ထိုး ပြေးလာပြီး
သူ့လက်ထဲက ဆေးထိုးအပ်ကို လုယူသည်။

" လူနာခင်ဗျ အဲ့လိုလုပ်လို့မရပါဘူး...
လူနာ စိတ်အေးအေးထားပါနော်
ဒါလေးထိုးလိုက်ရင် အိမ်ပြန်ရမှာပါ "

" အိမ် . ပြန် . ရ . မှာ ဟုတ်တယ်
အိမ်ပြန်ရမှာ အိမ်ပြန်ရမှာ "

လူနာက စကားလုံး တစ်လုံးချင်းစီကို ရေရွတ်နေသည်။ သူ့ကို ချုပ်ကိုင်ထားတဲ့ လူနာရဲ့ လက်တွေ ပြေလျော့သွားတဲ့အချိန်မှာ ဘေးမှာ ကူဖို့ စောင့်နေကြတဲ့ သူနာပြုကို မျက်စပစ်လိုက်သည်။ ဒါကို ထပ်တွေ့သွားပြန်တဲ့ လူနာက ချက်ချင်းပင် အပ်ကို လုယူပြီး ချစ်သောလက်ကို ဆောင့်ထိုးချလိုက်သည်။

" အာ့! "

နာလွန်း၍ ကိုယ်တိုင်တောင် မသိလိုက်ဘဲ
နောက်ဆုတ်မိသွားသည်။

" အိမ်ပြန်မယ်! အိမ်ပြန်မယ်!
ငါ့ကို အိမ်ပြန်ပို့ပေးကြ "

ထိုချိန်မှာဘဲ လုံခြုံရေးတွေ ရောက်လာ၍
ချစ်သော သက်ပြင်းချနိုင်တော့သည်။

Dear's doorWhere stories live. Discover now