Part(1)U/Z

7.3K 370 45
                                    

Unicode

''ကိုကို Babeတို့ဒီည Infinity Clubမှာတွေ့ရအောင်နော်"

ဖုန်းကိုင်လိုက်သည်နှင့်မနှစ်မြို့ဖွယ် အပြောကြောင့် ယံ မျက်မှောင်ကြုံ့လိုက်မိသည်။ဖုန်းနံပတ်ကိုပြန်ကြည့်လိုက်ပြီးဘယ်သူဆိုတာစဉ်းစားခန်းဖွင့်ရသည်။ဒီတစ်ယောက်ကဘယ်သူလဲဆိုတာသူ မသိ။

"မင်းက ဘယ္သူ"

ယံအမေးကြောင့်တစ်ဖက်လူက "ကိုကို့ကိုစိတ်တိုလိုက်တာ"ဟုပြောကာသူ့မနာမည်ကိုမိတ်ဆက်ပေး၏။

"အဲလစ် လေ ကိုကို နော် Babeကိုဆိုမေ့နေတာပဲဟွန့်!"

အဲလစ် ဟူသောနာမည်ကြောင့်ယံ ဘယ်သူမှန်းသဘောပေါက်လိုက်ရသည်။သူတွဲသမျှအမိျုးသမီးတွေထဲအသက်အငယ်ဆုံး ကလေးမလေးဖြစ်သည်။

16နှစ်ဟူသောအသက်အရွယ်လေးနှင့်မလိုက်clubတက်ချင်နေသောကလေးမအားစကားကိုခတ်ပြတ်ပြတ်ပြောရမည်။Daddyမျက်နှာနှင့် လက်ခံပေးထားရပေမဲ့ ဒီလိုကလလက်တက်တက်မိန်းကလေးအား ယံ စိတ်ပျက်ပါသည်။

"မင်းအသက်16နှစ်လေးနဲ့clubမသွားချင်နဲ့ ဒီနေ့ကိုယ်မအားဘူး"
"ဟာ မရဘူး ကိုကို မလာရင်ကိုကို့Daddyနဲ့တိုင်လိုက်မှာနော်"

Daddyနာမည်ပါလာ၍ယံစိတ်တိုသွားရသည်။တစ်ခုခုဆို အမိျုးသမီးတွေအားလုံးကအတူတူ။

ယံကိုDaddyနဲ့ခြိမ်းခြောက်တတ်တာက အစ Dateအောင်မလာရင်ရစ်တာကအဆုံးကလေးကလားအလုပ်တွေလုပ်ကြသည်။မကြိုက်မှန်းပြောထားပြီးသားဖြစ်သော်လည်းဒါကိုသူတို့ကယံစကားကိုနားမထောင်လုပ်ချင်တာသာလုပ်ကြသည်။စိတ်ပျက်စရာ။

"ကျစ်!!Daddyနဲ့အကြပ်မကိုင်နဲ့တွဲချင်လွန်းလို့တွဲပေးနေရတယ်ထင်လား တိုင်ချင်သွားတိုင်လိုက် စိတ်မဝင်စားဘူး"

ဖုန်းကို ချလိုက်ပြီး ကားနောက်ခန်းထဲကို ပစ်ထဲ့လိုက်သည်။ကားစီယာတိုင်ပေါ်ဦးခေါင်းကိုမှောက်ချလိုက်ပြီးလက်နှစ်ဖက်လုံးဖြင့်ဆံပင်တွေအားဆွဲဖွမိသည်။

"သောက်အာရုံတွေ"

စိတ်ညစ်ညစ်နဲ့ကိုယ့်ခေါင်းကိုယ်ပြန်ရိုက်မိတာအကြိမ်ကြိမ်။စိတ်ကိုဆွဲဆန့်ပြီးခါးကိုပြန်မတ်လိုက်သည်။ကားစက်ကိုနိုးလိုက်ပြီးလမ်းဘေးကမထွက်ဖြစ်။

Adopted Brother Of Union (ongoing)Where stories live. Discover now