Part(6)U/Z

3.1K 207 31
                                    


Unicode

အစည်းဝေးခန်းထဲကပြန်ရောက်ရောက်ခြင်းရုံးခန်းထဲ၌မြင်လိုက်ရသည့်7ပေ ပတ်လည်ရှိသည့်BOXနှစ်ခု ကြောင့် ယံထိုပစ္စည်းတွေအား ထိကြည့်မိ၏။

Boxတစ္ခု၌ ယံ နာမည်ဖြစ်ပြီးတစ်ခုကနာမည်မပါ။မည်သည့်တံဆိပ်မှန်းမသိရသောတံဆိပ်တစ်ခုကထိုအမည်မပါသောboxအဖုံး၌ထင်ထင်ရှားရှား။

ယံနာမည်ပါသောBoxတစ်ခုအားယံဖွင့်ကြည့်တော့ပွဲတက်ဝတ်စုံဖြစ်နေ၍ယံအ့ံသြသွားရ၏။

ထို့ကြောင့်အစည်းဝေးခန်းထဲသို့မပါသော
secretaryတစ်ယောက်အားခေါ်လိုက်ကာ မေးလိုက်မိ၏။

"ဒါတွေကဘယ်သူလာပို့သွားတာလဲ"
"လူတစ်ယောက်ကMDကိုပေးလိုက်ဖို့မှာခဲ့ပါတယ်"
"သိပြီသွားလို့ရပြီ"

ဘယ္သူဆိုတာ ယံ သိလိုက်သည်နှင့် ဖုန်းကိုချက်ခြင်းထုတ်လိုက်၏။ဖုန်းနံပတ်တစ်ခုအားခေါ်ဆိုပြီးပစ္စည်းတွေကိုကိုင်ကြည့်မိသည်။

ထူးထူးဆန်းဆန်း ပြည်ထောင်စု ကပွဲတက်ဝတ်စုံတွေလာပို့ပေး၏။

"Helloကိုကို"

တဖက်ကဖုန်းကိုချက်ခြင်းဖြေလိုက်၍ယံဖုန်းဆက်မှာကိုစောင့်နေမှန်းသိလိုက်၏။နာရီကိုကြည့်လိုက်မိတော့နေ့လည်12လောက်မို့ ပြည်ထောင်စု တက်နေသော computerသင်တန်းကိုသတိရသွား၏။

"အင်း အတန်းခိျန်ရှိလား"
"မရှိဘူးကိုကိုကျွန်တော်အားနေတယ်"

ပေါ့ပေါ့ပါးပါးပြန်ဖြေနေသည့်ပြည်ထောင်စုကြောင့်ယံပြုံးမိ၏။ကလေးဆိုတာအမြဲဒီလိုဖြစ်နေသင့်တာ။

"ဟုတ်ပါပြီ ဒါနဲ့companyကိုပို့လိုက်တဲ့ဝတ်စုံက ဘာအတွက်လဲ"
"------------"

တစ္ဖက္က ချက်ခြင်းနှုတ်ဆိတ်သွား၏။ယံမေးတာကိုမဖြေချင်တာမိျုးမဟုတ်ဘဲ ချက်ခြင်းစကားမပြောနိုင်အောင်ငြိမ်သွား၍ ယံ ဖုန်းကျသွားပြီဟုတောင်ထင်လိုက်မိ၏။

"ကျွန်တော်ပို့ပေးတော့မလို့ဘဲ ကိုကို့စီရောက်နေပြီဆိုတော့ဘယ်လိုဝတ်စုံမိျုးလဲ ကိုကို"

ယံမျက်မှောင်ကြုံ့လိုက်မိ၏။ဆိုလိုတာက ပြည်ထောင်စု ပို့ပေးလိုက်တဲ့ ပစ္စည်းတွေမဟုတ်ဘူးပေါ့။

Adopted Brother Of Union (ongoing)Where stories live. Discover now