Part(2)U/Z

4.3K 266 34
                                    

Unicode

ညီညီလွန်းသာတစ်ယောက် ယံ ညီလေး မွေးစားမိတာကိုတအ့ံတသြဖြင့်မနက်စောစောစီးစီးဖုန်းဆက်မေးနေ၍ယံဖြေနေရသည်။
မယုံနိုင်သလိုနှင့် စိတ်တစ်ကျင်းဝမ်းတစ်ကျင်း။

"ငါပြောတဲ့အတိုင်းအတည်ကြီးလုပ်လိုက်မယ်ထင်မှမထင်တာ "
"ငါမွေးစားချင်လို့မွေးစားတာ မင်းပြောတာကြောင့်မဟုတ်ဘူး"

ဝရန်တာကိုထွက်ပြီးပြောနေတာဖြစ်လို့အခန်းထဲကိုလှည့်ကြည့်ရင်း ယံ ဖြေလိုက်မိသည်။အမှန်တကယ် ယံ ဟိုကလေးကိုမွေးစားချင်စိတ်ပေါက်သွားလို့မွေးစားမိတာ။

"ဘာကိစ္စငါ့ကိုမတိုင်ပင်ဘဲဇွတ် ညီလေးမွေးစားတာလဲ ခုတော့ကွာမင်းဘိုးတော်ကြီးပြောမှသိရတယ် ငါဖြင့်ကြောင်တောင်တောင်ဖြစ်သွားရတာ"

ညီညီ အပြောကို ယံမရယ်ရက်။တကယ်လဲဟုတ်သည်။ယံသူ့ကိုမပြောမိတော့ Daddyပြောမှာသိသွားရတဲ့သူက ယံ ကိုစိတ်တိုနေနတာမမှား။တစ်ခါတိုင်းဆိုယံဘာလုပ်လုပ်ဒီကောင့်ကိုတော့ပြောနေကြ။

"မပြောချင်လို့မဟုတ်ပါဘူးကွာ တောင်းပန်တယ်ညီညီ"

လေသံကိုတစ်ထစ်လျော့ပြီးတောင်းပန်လိုက်တော့ညီညီက သက်ပြင်းချတာ ငြီးငြီးငြူငြူ။

"ငါ့ကိုမပြောလိုစိတ်ဆိုးနေတာမဟုတ်ဘူး မင်းမွေးစားတဲ့ကလေးလေးက လူကောင်းမှဟုတ်ရဲ့လားတွေးပြီးမင်းအတွက်စိတ်ပူနေတာအခုခေတ်ကလေးတွေက2နှစ်3နှစ်ဆိုလည်း လူလည်လေးတွေကွ ကြီးလာရင်မင်းကိုလှည့်သွားမှာစိုးလို့ငါကပြောနေရတာ"

အစပိုင်းစကားတွေကဟုတ်သလိုလိုရှိပေမဲ့2/3နှစ်ဟူသောအသက်အရွယ်ကြောင့် ယံ မျက်ခုံးပင့်မိသွားသည်။

ဘယ္က 2နှစ်သားနဲ့3နှစ်သားအရွယ်လဲ။ယံမွေးစားမိတာက12နှစ်အရွယ်ကောင်လေးတစ်ယောက်ကိုပါ။

"ဘိုးတော်ဆိုရင် တော်တော်စိတ်ရှုပ်နေတယ်ထင်တယ်ကွ မင်းကသူ့ကိုတအားဒုက္ခပေးတာပဲတဲ့မင်းညီလေးမွေးစားတာငါသိတယ်ထင်လို့မေးနေတာ
ဘိုးတော်ပြောတာတော့မင်းက 2နှစ်သားလေးမွေးစားထားတာဆို မင်းပုံစံနဲ့ဘယ်လိုကလေးထိန်းမှာလဲ ကျစ်!! "
"ဘာ!!"

Adopted Brother Of Union (ongoing)Where stories live. Discover now